အပိုင်း-၅၉(အပိုင္း-၅၉)

5.1K 78 0
                                    

#Unicode
📳📳📲 Vibrate~~~Deee~~~Dee

📱"ဟေ့ကောင်!... မင်းသင်တန်းဘယ်တော့လာမှာလဲ?"

"ကျစ်"

ဖုန်းထဲကနားစည်ကွဲမတတ်အော်သံကြောင့် ဘုန်းငယ် ကျစ်ခနဲစုတ်သပ်လိုက်မိသည်

"ဟေ့ကောင်!..."

ထပ်ပေါ်လာတဲ့အော်သံရယ် နောက်ကကြားနေရတဲ့ကျယ်ကျယ်လောင်လောင်သီချင်းသံတွေကြောင့် စိတ်ရှုပ်လာသဖြင့်

"ဖုန်းပြောမယ်ဆိုလည်းမင်းတို့သီချင်းကိုအသံတိုးစမ်းပါကွာ... တစ်လောကလုံးကြားမယ့်အသံနဲ့အော်မနေနဲ့... မိုးမလင်းသေးဘူးဟ..."

"မလျှော့နိုင်ပါဘူး... အခုကငါတို့အတွက်လွတ်လပ်ရေးအချိန်ကာလဟ... အိမ်မှာမာမီတို့အားလုံးခရီးထွက်သွားတယ်... မာမီတို့ပြန်မလာမချင်း တစ်အိမ်လုံးငါတို့စိတ်ကြိုက်ပဲ... အဲ့တော့မင်းလည်းစိတ်ပါရင် လာjoinနိုင်တယ်ဆိုတာကိုလှမ်းအကြောင်းကြားတာ... ဘယ်လိုလဲ?... လာမှာလား?"

ဖုန်းထဲကအောင်နိုင့်စကားကိုနားထောင်ပြီး ဘုန်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်

'ဒီကောင်တွေအလိုက်ကမ်းဆိုးမသိတာလား?... ဒါမှမဟုတ်အခုချိန်ထိသူတို့မိသားစုသတင်းတွေကိုမသိသေးတာလား?... မနေ့ကတစ်နေ့လုံးမေမေဘယ်သူဆိုတာနဲ့ အတိတ်ကတကယ့်အဖြစ်မှန်တွေကလွဲရင် သူကဘယ်သူ့သားဆိုတာရော ဖေဖေတို့သုံးယောက်ရဲ့ပက်သတ်မှုတွေပါမကျန် အကုန်သတင်းထွက်လာခဲ့ပြီးပြီ... ဒါကိုဒီကောင်တွေတကယ်မမြင်သေးတာလား?"

"ဟေ့ကောင်!... ဘာလဲ?.. ငါတို့ကိုအလိုက်ကမ်းဆိုးမသိတဲ့ကောင်တွေဆိုပြီး အသံတိတ်ကျိန်ဆဲနေတာလား?... လုပ်မနေနဲ့ဟေ့ကောင်... မင်းအိမ်ထဲမှာပဲအောင်းပြီး ညစ်ရင်းညစ်ရင်းနဲ့ တော်ကြာဘူသွားမှာစိုးလို့ ငါတို့ကလှမ်းခေါ်တာ... ငါတို့သတင်းတွေတွေ့ပြီးပြီ"

သူ့စိတ်ထဲကအတွေးတွေကိုကြိုသိနေသလို ဆက်တိုက်ပြောချသွားတဲ့အောင်နိုင့်စကားကြောင့်ဘုန်းငယ်မျက်နှာ ချက်ချင်းပြေကျသွားသည်...

"အဆင်ပြေရင် ဒီနေ့သင်တန်းလာခဲ့မယ်... အခုတော့မင်းတို့ဘာသာအေးဆေးကဲကြ... ငါညစ်လည်းမညစ်ဘူး... ဘူလည်းမဘူဘူး... အကုန်အဆင်ပြေတယ်... ဒါပေမယ့်မင်းတို့အတွက်အချိန်မပေးနိုင်သေးဘူး"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora