အပိုင်း-၃၅(အပိုင္း-၃၅)

3.9K 84 2
                                    

#Unicode
📱"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာသတ်မှတ်ချိန်အတွင်းပြန်လည်ဖြေဆိုခြင်းမရှိပါသဖြင့်........"

"ဟာကွာ... ဖေဖေဖုန်းကိုင်စမ်းပါဗျာ... ဘာတွေဘယ်လိုဖြစ်နေတာလဲ?... တကယ်ပါပဲ"

📱⬇⬇⬇⬇"ခွပ်"

"ဟယ်... မြေးဘာဖြစ်တာလဲ?"

လျှောက်လမ်းမှာအင်္ကျီတောင်မဝတ်ရသေးပဲရေကူးကန်ကတက်လာတဲ့အတိုင်းရှိနေလျက်ပေါက်ကွဲနေတဲ့ဘုန်းငယ်ကြောင့် ဘွားတစ်ယောက်စိတ်ပူစွာနဲ့အနားရောက်လာသည်

ဘုန်းငယ်ကိုမေးနေတဲ့ဘွားရဲ့ပုံစံက သူ့ကိုစိတ်ပူတာလွဲရင် ဘာမှမဖြစ်သလိုတည်ငြိမ်နေတာဆိုတော့ ကြည့်ရတာ ဒီသတင်းကိုဘွားမသိသေးဘူးထင်တယ်
ဒါပေမယ့်သူမပြောလည်းမကြာခင်တစ်ယောက်ယောက်ကဖုန်းဆက်လို့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့သိရမှာပဲဆိုတော့ ပြောသင့်မပြောသင့်ဘုန်းငယ်လွန်ဆွဲနေမိသည်

"မြေး ဘာတွေဖြစ်နေတာလဲကွယ်?... လူကလဲဖရိုဖရဲနဲ့... ဘွားမေးတာလည်းပြန်မဖြေဘူး... သွား သွား... အဝတ်အရင်သွားလဲ... အအေးမိတော့မှာပဲ"

ဘုန်းငယ် ဘွားကိုတစ်ချက်ကြည့်လိုက်ပြီး

"လာဘွား... အခန်းထဲရောက်ရင်သားသေချာပြောပြမယ်"

ဘွားကိုအိမ်ထဲထိတွဲခေါ်လာပြီးအခန်းထဲကဆိုဖာမှာထိုင်စေပြီးမှ

"သား ဘာဖြစ်နေလဲဆိုတာ ဘွားဒါကိုကြည့်ရင်သိလိမ့်မယ်"

ဖုန်းကိုပေးခဲ့ပြီးအဝတ်လဲဖို့အတွက်
ရေချိုးခန်းထဲဝင်လာလိုက်တော့သည်

ဘုန်းငယ်ပြန်လာတော့ဆိုဖာမှာထိုင်နေတဲ့ဘွားရဲ့မျက်နှာဟာတော်တော်လေးကိုပျက်ယွင်းနေပြီး ဖုန်းကိုကိုင်ထားတဲ့လက်များတောင်တုန်ချင်နေသလိုလို

"ဘွား... အဲ့တာတကယ်များလား?... သားတော့မယုံချင်ဘူး... ခက်တာကပုံတွေက.... ဘာတွေမှန်းမသိတော့ဘူးဗျာ"

ဘွားက ဘုန်းငယ်မေးတာကိုပြန်မဖြေပဲအတွေးထဲမှာမျောနေပုံရသည်

"ဘွား....?"

"ဟင်?..."

"ဘွားဘယ်လိုထင်လဲဟင်?... မေမေတော့ခုနကအဲ့ပုံတွေမြင်ပြီးသွားပြီထင်တယ်... ဖေဖေနဲ့အဲ့အန်တီနဲ့တကယ်များ... ဟာ မဟုတ်လောက်ပါဘူး... ဒါတိုက်ဆိုင်တာပဲနေမှာပါ... ဘယ်သူတွေဘာပဲဖြစ်ဖြစ် အန်တီလေးနဲ့ဖေဖေကတော့ဘယ်လိုမှ..."

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora