အပိုင်း-၅၁(အပိုင္း-၅၁)

5.3K 88 0
                                    

#Unicode

"ဒေါ်လုံး... ရွယ်အခန်းထဲမှာအိပ်နေတယ်... ကျွန်တော်ရုတ်တရက်အရေးကြီးကိစ္စပေါ်လာလို့အခုသွားရတော့မယ်... ဒီနေ့ရှင်းစရာပြဿနာတွေများလို့ညနေမှပြန်လာနိုင်မယ်ထင်တယ်... ရွယ်နိုးလာတာနဲ့တစ်ခုခုစားဖြစ်အောင်သေချာလေးကျွေးပေး... မနေ့ကတစ်နေ့လုံးလည်းဘာမှသေချာမစားဘူးဆိုတော့ဒီနေ့တော့ဒေါ်လုံးပဲသေချာဂရုစိုက်ပေးပါ..."

"စိတ်ချပါသားမာန်ရဲ့... ဒေါ်လုံးချော့ပြီးထမင်းလည်းဝင်အောင်ကျွေးထားမယ်... ပြီးတော့မျက်စိအောက်ကမပျောက်မခံပဲအရိပ်တကြည့်ကြည့်နဲ့လည်းကြည့်နေမယ်... သားမာန်သာစိတ်အေးလက်အေးနဲ့သွား"

"ဟုတ်ကဲ့... ဪ နေ့လည်တော့အိမ်ကိုရွယ့်သူငယ်ချင်းအမျိုးသားတစ်ယောက်နဲ့သူ့တူမလေးလာရင်လာလိမ့်မယ်... သူတို့ကလွဲရင်ဘယ်သူပဲလာလာရွယ်နဲ့ပေးမတွေ့ပါနဲ့... ပြီးတော့ရွယ့်ကိုလည်းဘယ်မှမသွားစေနဲ့"

"အေးအေး... "

ဒေါ်လုံးကိုမှာပြီးတာနဲ့အခန်းထဲပြန်ဝင်ပြီးအိပ်ရာပေါ်မှာအိပ်ပျော်နေတဲ့ရွယ့်နဖူးလေးကိုခပ်ဖွဖွငုံ့နမ်းပြီးထွက်လာလိုက်တော့သည်

ကားပေါ်တက်လိုက်တာနဲ့အချိန်ကိုက်ဝင်လာတဲ့ဖုန်းကိုအရင်လက်ခံနားထောင်လိုက်ရင်း ကားကိုခြံထဲမှမောင်းထွက်လိုက်သည်

📱"Boss... Boss မှန်းထားတဲ့အတိုင်းပဲ... မနေ့ညကဒီပြန်ရောက်ကတည်းကအဘိုးကြီးခြေရှုပ်နေတာ... အခုဦးစောသာရဲ့လူနဲ့သွားတွေ့တယ်"

"အင်း... ဆက်ပြီးစောင့်ကြည့်ထား"

ပြောလက်စဖုန်းကိုချလိုက်ပြီးနောက်ထပ်မံဝင်လာတဲ့တေဇဆီကဖုန်းကိုဆက်နားထောင်လိုက်တော့

"Boss... ကျွန်တော်ဒီမှာအကုန်စီစဉ်ပြီးပါပြီ... အားလုံးအဆင်သင့်ပါပဲ"

"အင်း... ငါအခုလာနေပြီ"

သိပ်မကြာခင်မှာ မာန် ကားကိုအဆောက်အဦးတစ်ခုရဲ့ရှေ့မှာပါကင်ထိုးလိုက်ပြီး ကားပေါ်ကဆင်းလိုက်တာနဲ့ အဆင်သင့်စောင့်နေတဲ့တေဇနဲ့သူ့လူတစ်ချို့ကထွက်ကြိုသည်

မာန် တေဇကိုတစ်ချက်ကြည့်ပြီး အဆောက်အအုံထဲဝင်လိုက်၍ အထဲကထောင့်ကျကျအခန်းတစ်ခန်းမှာ အဆင့်သင့်စောင့်နေမယ့်လူတစ်ဦးဆီသို့ တည့်မတ်စွာဦးတည်လျှောက်လှမ်းလိုက်သည်

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Tahanan ng mga kuwento. Tumuklas ngayon