အပိုင်း-၆၃(အပိုင္း-၆၃)

5K 83 0
                                    

#Unicode
🚪'ဒေါက်' 'ဒေါက်' 'ဒေါက်' 'ကျွီ'

ပွင့်သွားတဲ့တံခါးရွက်တို့နဲ့အတူ သီးသန့်ခန်းထဲဝင်လာတဲ့ကိုလင်းရောင်ရှိန်ကို မာန် နေရာမှထ၍ လက်ဆွဲနှုတ်ဆက်ကြိုဆိုလိုက်သည်...

"ကိုယ်နည်းနည်းနောက်ကျသွားတယ်... အလုပ်မအားတဲ့သူကိုစောင့်ခိုင်းလိုက်ရတော့ အားနာစရာတွေဖြစ်ကုန်ပြီ"

"ကျွန်တော်ရောက်တာလည်းသိပ်မကြာသေးပါဘူး..."

ထို့နောက် နှစ်ယောက်သားကိုယ်စီနေရာအသီးသီးမှာ ထိုင်သည်...

"ပြန်ရောက်တာနှစ်ရက်ကျော်ပြီဆိုတော့ နေရာတွေလည်းနှံ့လောက်ရောပေါ့..."

"အဟက်... ရန်ကုန်အနှံ့မသွားနိုင်သေးပေမယ့် ရုံးတွေစခန်းတွေတော့ တော်တော်နှံ့နေပြီပြောရမယ်..."

"အဟွန်း... ကျွန်တော်စီစဉ်ထားတာတွေရော အဆင်ပြေရဲ့လား?"

"ပြောစရာမလိုလောက်အောင်ပါပဲ........"

🚪'ဒေါက်' 'ဒေါက်' 'ဒေါက်' 'ကျွီ'

"ဟင်းပွဲတွေလာပို့တာပါခင်ဗျ"

စကားပြောနေတုန်း အခန်းထဲဝင်လာတဲ့ ဝန်ထမ်းလေးတွေကြောင့် ကိုလင်းရောင်ရှိန်က စကားစ ခဏဖြတ်လိုက်သည်...

"လိုအပ်တာများရှိသေးလားခင်ဗျ?"

"ပြည့်စုံပြီ"

"ဟုတ်ကဲ့... တစ်ခုခုလိုအပ်ရင်ကျွန်တော်တို့ကိုလှမ်းခေါ်လိုက်ပါ... "

"ကောင်းပြီ"

🚪'ကျွီ'

"အစစအရာရာက အဆင်ပြေလွန်းနေလို့ မင်းစက်မာန်ကို ကိုယ်တော်တော်လေးကျေးဇူးတင်ရတော့မယ်"

အားလုံးပြန်ထွက်သွားပြီး အခန်းထဲမှာနှစ်ယောက်တည်းကျန်ခဲ့တော့မှ ကိုလင်းရောင်ရှိန်ကပြောလက်စ စကားကိုပြန်ဆက်သည်

"ကျွန်တော်လည်း ကိုလင်းရောင်ရှိန်ကြောင့်အဆင်ပြေခဲ့တာတွေအများကြီးပါ... အပြန်အလှန်ကူညီကြတဲ့သဘောပဲ... ကျေးဇူးမလိုပါဘူး"

"အပြန်အလှန်ဆိုတာထက် မင်းစက်မာန်ကြောင့်ကိုယ့်ဘက်မှာအဆင်ပြေသွားတာတွေက အများကြီးပါ... ပြီးတော့ ပြောထားတဲ့အတိုင်းကတိတည်ပေးတာတွေအတွက်လည်းရှိသေးတယ်လေ... ကျေးဇူးဆိုတဲ့စကားတစ်ခွန်းနဲ့တောင်မလုံလောက်ပါဘူး..."

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now