အပိုင်း-၅၀(အပိုင္း-၅၀)

5.6K 103 3
                                    

#Unicode

တေဇကိုပြန်လွှတ်လိုက်ပြီးမာန်ကွန်ဒိုထဲဝင်လာခဲ့တာအခုဆိုရွယ့်အခန်းရှေ့ရောက်နေပြီ

အခန်းpasswordကဟိန်းလက်ယာပြောသလိုသားရဲ့မွေးနေ့ဆိုတော့ ဖုန်းpasswordနဲ့တူတူပဲပေါ့

မာန်လူခေါ်bellမတီးတော့ပဲpasswordတန်းနှိပ်ပြီးတံခါးကိုအသာဖွင့်ကာအခန်းထဲဝင်လိုက်သည်

ဧည့်ခန်းကျယ်ကလွန်ခဲ့တဲ့လကသူလာခဲ့တုန်းကအတိုင်းပဲမပြောင်းမလဲရှိနေဆဲ... သူရှာနေသူလေးကတော့ဧည့်ခန်းထဲမှာလည်းမရှိ အတွင်းခန်းတွေမှာလည်းမရှိ မီးဖိုခန်းမှာလည်းမရှိဆိုတော့ သူမအိပ်ခန်းထဲမှာရှိမှာသေချာနေပြီမို့ မီးဖိုခန်းကပြန်အထွက်

"လက်ယာ... အသံမပေးဘာမပေးနဲ့... နင်... ဟင်... ရှင်... ရှင်ဘယ်လိုလုပ်ပြီးကျွန်မအိမ်ထဲရောက်နေရတာလဲ?... ဒီတစ်ခါရောကျွန်မကိုဘာဒုက္ခတွေပေးအုံးမလို့လဲ?... ကျွန်မအိမ်ထဲကအခုချက်ချင်းထွက်သွား... သွားလေ"

မာန့်ကိုမြင်တာနဲ့ သရဲတစ္ဆေ တွေ့သလိုထိတ်လန့်သွားတဲ့သူမလေးက အခုတော့သူ့လက်တစ်ဖက်ကိုဆွဲပြီး မာန့်ကိုအိမ်ရှေ့ခန်းအထိမောင်းထုတ်နေသည်

ဟိုးအရင်ကရောအခုချိန်အထိဂါဝန်ရှည်လေးတွေကိုစွဲစွဲမြဲမြဲဝတ်တတ်တဲ့သူမလေးက အခုလည်းခြေမျက်စိဖုံးမိုးပြာရောင်လက်တိုဂါဝန်လေးကိုဝတ်ဆင်ထားသည်... ဆံနွယ်ရှည်တွေအကုန်လုံးကိုတစ်စုတစ်စည်းထဲစုထုံးတင်ထားလို့ ရှင်းလင်းနေတဲ့မျက်နှာဖောင်းဖောင်းလေးရယ် ဒေါသထွက်နေလို့နီမြန်းချင်သယောင်ဖြစ်နေတဲ့ပါးမို့မို့လေးတွေရယ်နဲ့ အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ယောက်လို့ထင်ရက်စရာမရှိအောင်နုဖတ်နေဆဲ...  ပြီးတော့အရုပ်ကလေးတစ်ရုပ်လိုချစ်စရာကောင်းနေဆဲ

သူမကသာဒေါသတွေထွက်ပြီးမာန့်ကိုဆွဲလားရမ်းလားလုပ်နေတာ... မာန်ကတော့သူမလုပ်သမျှကိုမြတ်နိုးစွာမျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်

မာန့်ကိုယ်ကြီးကိုအိမ်ရှေ့ဧည့်ခန်းအထိသူမကိုယ်သေးသေးလေးနဲ့ရအောင်ဆွဲလာပြီးမှ သူမကိုကြည့်နေမှန်းသတိထားမိပုံရသွားတဲ့ရွယ်က မာန့်လက်မောင်းကိုကိုင်ထားတဲ့လက်ကိုလွှတ်လိုက်ကာ မာန့်မျက်နှာကိုစူးစူးရဲရဲမော့ကြည့်ပြီး

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora