အပိုင်း-၄၉(အပိုင္း-၄၉)

4.6K 92 9
                                    

#Unicode

"မေမေ..."

ယမင်းနဲ့ဖုန်းပြောပြီးလို့တစ်ယောက်တည်းတွေးချင်တိုင်းတွေးပြီး တုန်လှုပ်ခြောက်ခြားနေတဲ့ နွယ့်အနားကိုသားပြန်ရောက်လာသည်

သားကိုမြင်တာနဲ့နွယ့်ရင်ထဲမှာအားတက်သွားရသလို သားကိုလည်းအားကိုးတကြီးမော့ကြည့်မိသည်

"သား... "

"မေမေအဆင်ပြေရဲ့လား?... ဖေဖေ မေမေ့ကိုပြဿနာရှာသွားတာမလား?... အာ... မေမေလက့်... ခဏမေမေ... သားလက်ကဒဏ်ရာကိုဆေးထည့်ပေးမယ်"

နွယ့်ဘေးမှာဝင်ထိုင်ပြီးမှ ဆေးသွားယူမယ်ဆိုပြီးထဖို့ပြင်နေတဲ့သားလက်လေးကိုဆွဲယူပြီး နေရာမှာပြန်ထိုင်စေကာ

"သား... ဘာတွေပဲဖြစ်လာခဲ့ ဖြစ်လာခဲ့မေမေ့ကိုသားမစွန့်ပစ်ရဘူးနော်... ဒီမိသားစုနဲ့အဝေးဆုံးကိုတွန်းမပို့ပဲ သားရဲ့အမေအဖြစ်နဲ့တစ်သက်လုံးလက်ခံပေးနော်... နော် သား"

"မေမေ ဘာလို့အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ?... သားကဘာလို့မေမေ့ကိုစွန့်ပစ်ရမှာလဲ?... မေမေကရောဘာလို့ဒီမိသားစုကနေထွက်သွားရမှာလဲ?... ဒါမေမေ့အိမ်... သားကမေမေ့သား... ဖေဖေကမေမေ့ခင်ပွန်း... အကုန်လုံးကမေမေ့အပိုင်တွေလေ... မဆိုင်တဲ့ဘေးလူတွေအတွက်နဲ့မေမေကဘာလို့ထွက်သွားပေးရမှာလဲ?... အဲ့လိုစကားမျိုး အတွေးမျိုး လုံးဝ မပြောပါနဲ့ မတွေးပါနဲ့မေမေ... သားမကြိုက်ဘူး"

နွယ့်ကိုပြောနေတဲ့စကားသံတွေကအေးစက်လာသလို မျက်နှာကအစတင်းမာလာတဲ့သားရဲ့ပုံစံက အခုလိုကျတော့လည်းတကယ့်ကိုအဖေတူသားပါပဲ

"သားရယ်... မေမေ... အင့်...ဟင့်... ဟင့်...ဟင့်"

နွယ် သားရဲ့ရင်ခွင်ထဲခေါင်းဝင်ပြီးရှိုက်ကြီးတငင်ငိုကြွေးလိုက်သည်

'ဟုတ်တယ်... သားရှိတယ်... ဘယ်သူ့မှငါ့ဘက်မှာမရှိလည်းသားရှိတယ်... သားလေးရှိနေသရွေ့ ကို ငါ့ကိုပစ်ပစ်ခါခါလုပ်လို့မရပါဘူး... ဒီအိမ်ကနေလည်း ငါထွက်သွားစရာမလိုဘူး'

နွယ့်ဘက်မှာအပြည့်အဝရပ်တည်ပေးနေတဲ့သားအနားမှာအကြာကြီးငိုရှိုက်လိုက်သလို စိတ်ထဲမှလည်းဟန်ကိုယ့်ဖို့ဆိုသလိုရေရွတ်နေမိသည်

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now