အပိုင်း-၁၈(အပိုင္း-၁၈)

3.6K 88 0
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၁၈★

📱"ဖေဖေ.... နောက်တစ်ပတ်ဆိုသားစာမေးပွဲနော်... ဖေဖေပြန်လာမှာလား?"

"Sorryသား... ဖေဖေဒီကကိစ္စတွေမပြတ်သေးတော့ပြန်လာနိုင်အုံးမယ်မထင်ဘူး"

"ဟုတ်လား?"

"အင်း... ဖေဖေမင်းကိုပေးထားတဲ့ကတိကိုလည်းနည်းနည်းနောက်ဆုတ်ရမယ်ထင်တယ်... အဆင်ပြေရဲ့လားသား?"

"..............."

ဖေဖေ့စကားတွေကြားရတာဘုန်းငယ်အဆင်မပြေပါ... အစက ဘုန်းငယ်စဉ်းစားထားတာက သူစာမေးပွဲပြီးလို့ခရီးထွက်ဖြစ်ရင် မေမေ့ကိုပါခေါ်သွားပြီး ဖေဖေမေနဲ့မေအတွက် honeymoonပုံစံလေးဖြစ်သွားအောင်သူဖန်တီးပေးမယ်...

ခရီးကပြန်လာရင်လည်း နောက်လဖေဖေ့မွေးနေ့မှာ ဖေဖေ့မွေးနေ့အနေနဲ့ရော ဖေဖေနဲ့မေမေရဲ့ပြေလည်ခြင်းအထိန်းအမှတ်အနေနဲ့ပါ ပွဲတစ်ခုကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားလုပ်ပေးဖို့စဉ်းစားထားသည်...

အဲ့အတွက် ဘွားကိုတောင် ရင်းနှီးတဲ့မိတ်ဆွေတွေတင်မကပဲ စီးပွားရေးလောကက ပါတနာတွေရော,  ပက်သက်ရာပက်သက်ကြောင်း အသိမိတ်ဆွေပေါင်းစုံကိုပါ ဖိတ်ခိုင်းရမယ် ဆိုပြီးသူကျိတ်ကြံနေခဲ့တာ.... အခုတော့......

"ဟိတ်... စိတ်ညစ်သွားပြီလားသား?"

"စိတ်မညစ်ပါဘူးဖေဖေ... ဒီအတိုင်းပဲ... နည်းနည်း....."

"Sorryကွာ... ဖေဖေ သားစာမေးပွဲပြီးရင်တော့ ပြန်လာဖြစ်မှာပါ... သားအတွက် အချိန်ပေးဖို့ပဲအဆင်မပြေသေးတာ"

"သား နားလည်ပါတယ်ဖေ‎ဖေ... သားကိုစိတ်မပူပါနဲ့... ကိုယ့်ကိုကိုယ်သာဂရုစိုက်ပါဖေဖေ"

"အင်း... ဖေဖေအနားမှာမရှိလို့ဆိုပြီး စိတ်မညစ်နဲ့အုံး.. စာမေးပွဲဖြေရင်လည်း သားအနားမှာ ဖေဖေအမြဲရှိတယ်ဆိုပြီး စိတ်ထဲထည့်ထား"

"ဟုတ်ဖေဖေ... ဒါနဲ့ဖေဖေ... အားရင်မေမေ့ဆီကိုဖုန်းဆက်လိုက်ပါအုံး... ဒီရက်ပိုင်းမေမေမျက်နှာမကောင်းဘူး"

ဟုတ်ပါသည်... ဖေဖေအလုပ်ကိစ္စကြောင့် အပြင်မှာညအိပ်မယ်ဆိုပြီး ဖုန်းဆက်ပြောတဲ့နောက်နေ့မှာ ဖေဖေ့အတွက်လိုအပ်တာလေးတွေ companyကိုသွားပို့ဖို့စီစဉ်နေတဲ့အထိ မေမေဟာတက်ကြွနေခဲ့တယ်...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora