အပိုင်း-၃၇(အပိုင္း-၃၇)

3.8K 81 0
                                    

#Unicode
"ဘုန်းငယ်လေးရေ.... ထွက်လာပါအုံးကွယ်... ဒီမှာသမီးနွယ်မူးလဲသွားလို့..."

"ဗျာ!... ကျွန်တော်အခုထွက်လာပြီဘွားနု"

📱"ခြူး... ငါတို့နောက်မှဆက်ပြောကြတာပေါ့"

"အေး....အေ"

ဟိုဘက်ကပြန်ပြောတဲ့ခြူးစကားကိုတောင်ဆက်နားမထောင်နိုင်တော့ပဲဖုန်းချလိုက်ပြီးတာနဲ့အခန်းထဲကထွက်လာခဲ့လိုက်တော့သည်

"ဘာဖြစ်တာလဲဘွားနု... မေမေဘာဖြစ်တာလဲ?"

ပြောလည်းပြော ခြေလှမ်းတွေကလည်းမေမေနဲ့ဘွားရှိရာအပေါ်ထပ်ဆီသို့အလျင်အမြန်လျှောက်လှမ်းနေမိသည်

"ဘာဖြစ်လဲတော့ဘွားနုလဲသေချာမသိပါဘူးဘုန်းငယ်လေးရယ်... နွယ်လေးအပေါ်ထပ်ကနေအောက်ဆင်းဖို့အလုပ်မှာရုတ်တရပ်ကြီးမူးလဲသွားတာပဲရယ်... ကံကောင်းလို့... ဘေးမှာရှိတဲ့ကောင်မလေးသာထိန်းမထားရင်လှေကားကလိမ့်ကျသွားမှာ... မတွေးဝံ့စရာကွယ်"

ဘုန်းငယ်အပေါ်ထပ်ရောက်တော့မေမေကအိပ်ရာပေါ်မှာလှဲလျက်ရှိနေပြီး ဘွားကဘေးကနေမေမေကိုထိုင်ကြည့်နေသည်

"ဘွား.... "

"မြေး... လာ"

"ဘွား... မေမေဘာဖြစ်တာလဲ?... ဆရာဝန်ရောခေါ်ပြီးပြီလား?"

"အင်း... မြေးမေမေရဲ့သူငယ်ချင်းယမင်းဖြူကိုလှမ်းခေါ်ထားတယ်... ဘွားအထင်တော့မြေးမေမေ စိတ်အရမ်းပင်ပန်းသွားတယ်ထင်ပါရဲ့"

"ဖေဖေရော... ဖေဖေ့ဆီကိုရောဆက်ပြီးပြီလား?... ဘာတဲ့လဲ?"

"မြေးဖေဖေက...."

"ဘာလဲဘွား?... ဖေဖေဖုန်းမကိုင်ပြန်ဘူးမလား... ဟာကွာ..."

🤛'ဒုန်း'

"အို... မြေး... အဲ့လိုမလုပ်ရဘူးလေကွယ်... ဒီမှာမြေးမေမေလည်းနေကောင်းတာမဟုတ်ဘူး... စိတ်ကိုထိန်းစမ်း"

"သား ဖေဖေ့ကိုစိတ်ပျက်မိတော့မယ်ဘွား... တစ်နေ့လုံးဖြစ်နေတဲ့ပြဿနာတွေကိုရှင်းနေရလို့မအားဘူးဆိုတာသားလက်ခံတယ်... ဒါပေမယ့်အိမ်မှာဒီသတင်းတွေကြောင့်စိုးရိမ်ပူပန်နေတဲ့သူတွေရှိသေးတယ်ဆိုတာဖေဖေမေ့နေတာလား?... အနည်းဆုံးတော့အကျိုးသင့်အကြောင်းသင့်သားတို့ကိုရှင်းပြသင့်တာပေါ့... အခုဟာက... သားစိတ်ထဲအခုဖြစ်နေတဲ့သတင်းတွေကအမှန်တွေလားလို့တောင်ထင်နေမိပြီ"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now