အပိုင်း-၅၃(အပိုင္း-၅၃)

5.3K 111 2
                                    

#Unicode

"သားဘယ်လိုဖြစ်ပြီးသိနေတာလဲ?..."

"ဟိုတစ်နေ့ကမင်းထွက်သွားပြီး အန်တီမိုး နွယ်နဲ့စကားသွားပြောတဲ့အချိန်ကတည်းက........ "

မာန် မင်းနောင်မျက်နှာကိုအလိုမကျစွာစိုက်ကြည့်လိုက်သည်

'ကျစ်' "ဘယ်လိုသိသွားတာလဲ?... မေမေပြောတာလား?"

"မဟုတ်ဘူး... မင်းကတော့သတိထားမိမှာမဟုတ်ဘူး... အဲ့နေ့ကမင်းဆွဲလားရမ်းလားလုပ်လိုက်လို့နွယ့်ဆီမှာဒဏ်ရာနည်းနည်းရသွားတယ်... အဲ့တာကိုမြင်တဲ့ဘုန်းငယ်က နွယ့်ကိုစိတ်ပူပြီးနွယ့်အနားမှာတောက်လျှောက်နေပေးတယ်... နောက်အန်တီမိုးကနွယ်နဲ့စကားပြောဖို့အတွက်ဘုန်းငယ်ကိုအခန်းထဲပထုတ်လိုက်ပုံပဲ... အဲ့ဒီမှာသူ့အမေကိုစိတ်ပူနေတဲ့ဘုန်းငယ်ကသူ့လက်ထဲမှာပါလာတဲ့ဆေးဘူးကိုပြန်ပေးဖို့လုပ်ရင်း အခန်းထဲကလူကြီးတွေရဲ့စကားတွေကိုကြားသွားခဲ့တာ..."

"ဒါဆိုအဲ့နေ့ကမင်းနဲ့ငါဖုန်းပြောတော့ဘာလို့ထည့်မပြောလဲ?..."

"ထည့်ပြောတော့ရောမင်းဘာလုပ်နိုင်မှာလဲ?... တစ်ဖက်မှာလည်းရွယ်ကအရေးကြီးနေတာမလား?... ပြီးတော့ဘုန်းငယ်ကမင်းကိုလုံးဝမပြောဖို့ ငါ့ကိုတောင်းဆိုတယ်...

အဲ့နေ့ကငါအန်တီမိုးနဲ့စကားပြောပြီးတာနဲ့ ငါလည်းမင်းစာကြည့်ခန်းထဲကရှုပ်နေတာကိုသွားရှင်းဖို့အပေါ်ထပ်တက်လာခဲ့တာ... အဲ့မှာမင်းတို့အခန်းရှေ့မှာလက်ထဲကဆေးဘူးကိုကျစ်ကျစ်ဆုပ်ပြီး တစ်ဖက်လက်ကလည်းတံခါးလက်ကိုင်ကိုကိုင်ပြီးတောင့်တောင့်ကြီးရပ်နေတဲ့ဘုန်းငယ်ကိုမြင်တော့ ဘာများဖြစ်လဲဆိုပြီး ငါသူ့ရှေ့လျှောက်သွားလိုက်တယ်... သူ့နားရောက်တာနဲ့ဟထားတဲ့တံခါးကနေထွက်လာတဲ့အထဲကစကားသံတွေရယ်... မင်း သားရဲ့ပုံစံတွေကိုကြည့်ပြီးငါအခြေအနေကိုသဘောပေါက်သွားတယ်...

အစကငါထင်တာက ဘုန်းငယ် အခန်းထဲဝင်ပြီးသောင်းကျန်းမယ်ထင်ခဲ့တာ... ဒါပေမယ့် မင်း သားကဝိညာဉ်အနှုတ်ခံထားရသလိုမျိုးဘာမှလည်းမပြော ဘာမှလည်းမပေါက်ကွဲပြပဲအဲ့အခန်းရှေ့ကလှည့်ထွက်သွားတယ်... ပြီးတော့ရေကူးခန်းဘက်သွားတဲ့လျှောက်လမ်းအဆုံးထောင့်ချိုးလေးအထိလျှောက်သွားပြီးအဲ့မှာအရုပ်ကြိုးပြတ်ထိုင်ချလိုက်တော့တာပဲ... အဲ့အချိန်တုန်းက ဘုန်းငယ်ရဲ့ပုံစံက ငါဘယ်လိုပြောရမလဲ... လုံးဝ... လုံးဝကိုကွာ...... ငါအခုပြန်ပြောရမှာတောင်ရင်ထဲမချိဘူးမာန်ရာ"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now