အပိုင်း-၄၀(အပိုင္း-၄၀)

4.3K 79 4
                                    

#Unicode
(အိမ်မက်)
ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်တိတ်ဆိတ်နေပြီး မှိန်ပြပြအလင်းရောင်လာရာအတိုင်းရွယ်စမ်းတဝါးဝါးလျှောက်လှမ်းနေမိသည်

နောက်ဆုံးမှာတော့ အလင်းရောင်ရဲ့ပင်မအရင်းမြစ်မီးအိမ်လေးကိုရွယ်တွေ့လိုက်ရသလို အဲ့မီးအိမ်လေးရဲ့ဘေးမှာရှိနေတဲ့အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့

အခန်းထဲမှာရှိနေတာက လက်ရှိရည်ရွယ်နန်းမဟုတ်တဲ့အတိတ်ကနန်းစက်ရွယ်ဆိုတဲ့ကောင်မလေးရယ် ရွယ်တစ်သက်လုံးနောင်တတွေနဲ့လွမ်းဆွတ်တမ်းတနေခဲ့ရတဲ့ဘွားရယ်...

ပြီးတော့ဖြစ်ပျက်နေတဲ့ပုံရိပ်တွေက....

#########(အတိတ်စာမျက်နှာ ၇)

👋 'ဖြန်း'

"ညည်း ညည်းငါ့ကိုဘယ်လိုကျေးဇူးဆပ်လိုက်တာလဲမိရွယ်... ရှင်းစမ်းပါအုံး... ကိုယ်ဝန်ရှိနေတယ်ဟုတ်လား?.... အပျိုလေးကဘယ်လိုလုပ်ပြီးကိုယ်ဝန်ရှိနေရတာလဲ... ပြောစမ်းပါအုံး... ဒီအဘွားကြီးကိုပြောစမ်းပါအုံး... ရှက်ဖို့ကောင်းလိုက်တာ"

ကျောင်းတွင်း လူပုံအလယ်မှာမေ့လဲသွားခဲ့ပြီး ကျောင်းဆေးရုံမှာလူသိရှင်ကြား အရှက်ကွဲခဲ့ရတဲ့ရွယ့်အဖြစ်ကို ယူကြုံးမရဖြစ်မှုတွေရော ရှက်ဒေါသတွေပါ ရောထွေးနေသည့်ဘွားက အိမ်ပြန်ရောက်တာနဲ့ရိုက်နှက်မေးနေသည်

"ဖြေပါအုံးအမိုက်မရဲ့... သုံးလကျော်ပြီတဲ့... သုံးလကျော်ပြီဆိုတော့ဟိုတစ်ခါညည်းငါ့ကိုသူငယ်ချင်းတွေနဲ့ခရီးထွက်သွားပါတယ်ဆိုပြီးပျောက်သွားတုန်းကဖြစ်ခဲ့တာမလား?... ကလေးအဖေကဘယ်သူလဲ?... ပြောလေ?... မိုက်တုန်းကတော့မိုက်ခဲ့ပြီးအခုတော့ပြန်ဖြေဖို့တောင်စကားမရှိတော့ဘူးလား?... ဘာလဲ?... ညည်းစော်ကားခံရတာလား?... ဒါမှမဟုတ်ညည်းကိုအပျော်ကြံပြီးပစ်သွားတာလား?"

"မဟုတ်ပါဘူး... အဲ့လိုမဟုတ်ဘူး... ကိုကိုနဲ့ရွယ်... ကိုကိုနဲ့ရွယ်က လက်ထပ်ပြီးသားပါ"

"ဘာပြောလိုက်တယ်?... လက်ထပ်ပြီးသားပါ... ဟုတ်လား?... နန်းစက်ရွယ်... နင်... နင်..."

"ဘွား... ဘွားသတိထားပါအုံး... မမခင်ရေလာပါအုံး... ဒီမှာဘွားဘာဖြစ်သွားတာလဲမသိဘူး"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now