အပိုင်း-၆၀(အပိုင္း-၆၀)

5.3K 90 0
                                    

#Unicode
☎📞"အိမ်မှာမရှိကြဘူး... မိသားစုသုံးယောက်လုံး အလုပ်သွား ကျောင်းသွားနဲ့ အိမ်မကပ်ကြတာသုံးရက်လောက်ရှိပြီ... သားမာန်ဆီဆက်ကြည့်ပြီးပြီလား?..."

"..................."

"ကလေးကသင်တန်းမှာမို့ဖုန်းမကိုင်တာနေမယ်... ဟယ်... ရွယ်လေးပြန်လာပြီ... ပြောကြည့်ပါလား?"

"..........."

ရွယ်အိမ်ထဲဝင်လာလာချင်း ဖုန်းပြောနေတဲ့ဒေါ်လုံးဆီကကိုယ့်နာမည်ကြားလိုက်တော့ ဒေါ်လုံးကိုလှမ်းကြည့်လိုက်မိသည်... ဒေါ်လုံးက ဖုန်းကိုရွယ့်အနားယူလာပြီး

"ရွယ်လေး... ဒီမှာရွယ်လေးနဲ့ဖုန်းပြောချင်လို့တဲ့..."

"ဟဲလို... ရွယ်ပြောနေပါတယ်"

"ရွယ်... ရွယ်လေးလား?... ကြီးနုပါ... စံအိမ်ကကြီးနုလေ... ရွယ်လေးမှတ်မိလားဟင်?"

ဖုန်းထဲကအသံကြောင့် ရွယ်ဒေါ်လုံးကိုလှည့်ကြည့်မိသည်... အိမ်ဖုန်းကိုဆက်တယ်ဆိုကတည်းက ဘယ်ကဖြစ်နိုင်တယ်ဆိုတာကို ရွယ်ခန့်မှန်းထားပြီးသားပါ... ရွယ့်ဘေးမှာရပ်နေတဲ့ဒေါ်လုံးက ရွယ့်ကိုစိုးရိမ်တကြီးကြည့်နေသလို ဖုန်းထဲကအသံကလည်း တစ်ခုခုပုံမှန်မဟုတ်သလိုဖြစ်နေတာကို ရွယ်ခံစားမိသည်...

"ဟုတ်... ရွယ်မှတ်မိပါတယ်... စံအိမ်မှာတစ်ခုခုဖြစ်လို့လားဟင်?... ရွယ်ဘာကူညီပေးရမလဲ?"

"မမလေး... မမလေးတော်တော်နေမကောင်းဘူး ရွယ်လေး... သားနဲ့မြေးကိုလွမ်းတဲ့စိတ်နဲ့မစားနိုင်မသောက်နိုင်ဖြစ်ပြီး အခုနောက်ဆုံးအိပ်ရာပေါ်ကတောင် မထနိုင်တော့ဘူးကွယ်... ဒါပေမယ့် မမလေးက သားမာန်နဲ့ဘုန်းငယ်လေးကိုမဆက်သွယ်ခိုင်းဘူး... သူ့အပြစ်သူခံရတာ... သူကျေကျေနပ်နပ်ကြီးပေးဆပ်မယ်ဆိုပြီးတင်းခံနေတယ်...

ဒီနေ့တော့ ကြီးနု... ကြီးနုမမလေးကိုမကြည့်ရက်တော့လို့ သားမာန်နဲ့ဘုန်းငယ်လေးဆီဖုန်းဆက်ကြည့်သေးတယ်... ဆက်သွယ်လို့မရဘူး... အဲ့ဒါကြောင့်အခုဒီကိုဆက်လိုက်တာပါ... ဖြစ်နိုင်ရင် ရွယ်လေးကပဲ သားမာန်တို့သားအဖကိုခေါ်လာပေးပါလားကွယ်... ကြီးနု အနူးအညွတ်တောင်းဆိုပါတယ်"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now