အပိုင်း-၂၅(အပိုင္း-၂၅)

3.8K 84 0
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၂၅★

'တောက်'.....

"ငါကြာ......"

👊'ဒုန်း ဒုန်း ဒုန်း'

မာန်ဖြစ်လာသမျှသောဒေါသတို့ရဲ့လားရာအတိုင်းစိတ်ကိုလွှတ်ပေးမိနေသည်

အခုချိန်မှာ သူ တကယ့်ကို ဘာဆိုဘာမှမတွေးနိုင်တော့ပါ...
ခုနက Mallထဲမှာတေဇနဲ့အတူ ဆိုင်ခန်းတွေကိုလိုက်ကြည့်ရင်း သားနဲ့အတူရှိနေတဲ့သူမကိုမြင်လိုက်ရတဲ့အချိန်မှာတော့ လူဟာ ဘာကိုမှမဆင်ခြင်နိုင်တော့...

#######
'တောက်'

"တေဇ.... သားနဲ့ဟိုမိန်းမကဘယ်လိုလုပ်သိနေတာလဲ?... ပြီးတော့ဟိုကလေးတွေကရော"

"အာ... အဲ့ဒါBossစုံစမ်းခိုင်းထားတဲ့ ခြူးသံစဉ်ရဲ့အန်တီလေးဆိုတာလေ...
တိုက်တိုက်ဆိုင်ဆိုင်ဒီအစ်မဖြစ်နေတာ... Boss ကျွန်တော်ပေးတဲ့Fileကို မကြည့်ရသေးဘူးလား?"

"................."

"Boss....."

"Boss ဘယ်သွားမလို့လဲ?"
#######

သူကြည့်နေတုန်းဆိုင်ထဲကထွက်လာတဲ့ထိုမိန်းမကြောင့် သူတေဇကိုတောင်ပြန်မပြောနိုင်တော့ပဲနောက်ကတောက်လျှောက်လိုက်သွားခဲ့သည်

ပြီးတာနဲ့သူအားသုံးပြီးအတင်းဆွဲခေါ်လာခဲ့တာ ပတ်ဝန်းကျင်ဆိုတာကိုတောင် ဂရုမစိုက်နိုင်စွာ

ခုတော့ တစ်ချိန်ကလက်ဖျားနဲ့ထိဖို့မပြောနဲ့ သူခပ်ကြမ်းကြမ်းနမ်းလိုက်မိလို့ ပန်းနုရောင်လေးတွေပြေးသွားရင်တောင် မချင့်မရဲဖြစ်စွာ မြတ်နိုးခဲ့ရသော ထိုပါးပြင်အိအိတွေကို သူ လူမဆန်စွာရိုက်နှက်ခဲ့မိပြီ

သူမရဲ့ရက်စက်ခြင်းတွေ ဥပေက္ခာပြုနိုင်ခြင်းတွေအပေါ်မှာ ခွင့်မလွှတ်နိုင်လောက်အောင်မုန်းတီးနေဆဲဖြစ်ပေမယ့် သူမနဲ့ပက်သက်လာရင် အသံလေးကြားရရင်တောင် မထိန်းနိုင်မသိမ်းနိုင်ဖြစ်တည်လာတတ်တဲ့ရင်ခုန်သံတွေကိုတော့ သူဘယ်လိုမှထိန်းချုပ်လို့မရခဲ့

အဲ့အတွက်လည်းဟိုတစ်ညပြီးသွားကတည်းက အားလုံးကိုမေ့မေ့ပျောက်ပျောက်ဖြစ်အောင် သူမ ပြောသလိုပဲမပက်သက်သင့်တော့တဲ့ပက်သက်မှုတစ်ခုကိုအဆုံးသတ်ဖို့ သူမနဲ့ပက်သက်သမျှကို မာန်ခေါင်းထဲကကြိုးစားပြီးထုတ်ခဲ့သည်

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now