အပိုင်း-၁၁(အပိုင္း-၁၁)

4K 108 2
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜                
 ★အပိုင်း-၁၁★

ပြောပြီးသွားတဲ့ဖုန်းကိုရင်ဘက်မှာကပ်ပြီး နွယ်ပြုံးနေမိတာ အကြိမ်ကြိမ် အခါခါ... ဘေးလူကြည့်ရင်တော့ ဖုန်းလေးပြောရတာကို ဒီလောက်ထိဖြစ်စရာလိုလို့လားလို့ထင်နိုင်သည်... တကယ်က ဒီလောက်ထိ မဟုတ်ပါ... ဒီ့ထက်ပိုပြီးတောင်ဖြစ်နေတာပါ... နွယ့်အတွက်တော့ ကို့ ဆီကရတဲ့ဂရုစိုက်မှုတွေဟာ ဘာနဲ့မှတန်ဖိုးဖြတ်လို့မရ... ကို့အပြုအမူမှမဟုတ်ဘူး... ကိုရဲ့စကားအခွန်းတိုင်းဟာလည်း နွယ့်နှလုံးသားကို အမျိုးမျိုးပြုစားနိုင်တဲ့လက်နက်တွေလိုပါပဲ...

ဟိုးအရင်ကဆို နွယ်ခုလိုဖုန်းဆက်မေးပြီဆို မကိုင်ရတာနဲ့... မအားလို့သူ့တပည့်တွေကကိုယ်စားဖြေရတာနဲ့... ကိုင်ပြန်ရင်လဲ 'အင်း... ဟုတ်ပြီ... ကောင်းပြီ...' ဆိုတဲ့အေးစက်စက်အဖြေတွေသာကြားနေရစမြဲ... အခုတော့ မနက်ဆို အလုပ်မသွားခင်ကတည်းက သူအိမ်ပြန်နောက်ကျမယ်ဆိုရင် မှာသွားတတ်သလို နွယ်ဖုန်းဆက်တိုင်းလည်း အမြဲတမ်းလိုလို ပြန်ဖြေပေးသည်...  အခုဆိုရင်လည်းကြည့်ပါအုံး...  နွယ့်ကို စိတ်ရှည်ရှည် စကားပြန်ပြောတဲ့အပြင် 'ဘာမှာအုံးမလဲ' ဆိုပြီးတောင်မေးသွားသေးသည်..

'ကိုရယ်... ကိုတော့မသိဘူး... နွယ်တော့လေ ကိုရဲ့ပြောင်းလဲခြင်းတွေကြားမှာ ကြာရင်ရူးတော့မယ်ထင်တယ်... ဒါပေမယ့် နွယ်ရူးချင်ရူးသွားပါစေ.. ကိုသာ အခုအတိုင်းလေးပဲ အမြဲနွယ့်အပေါ် ဂရုစိုက်နေလို့ကတော့ နွယ် ပျော်ပျော်ကြီးရူးပစ်လိုက်မှာ... '

"ဟင်းဟင်း"

တွေးရင်း နွယ်အသံလေးထွက်တဲ့အထိရယ်လိုက်သည်...

"အာ... မေမေတစ်ယောက် ဖေဖေနဲ့ဘာတွေပြောလိုက်လို့ ဒီလောက်တောင်ပြုံးပျော်နေပါလိမ့်?"

နောက်ပါးကနေ နွယ့်အနားကပ်ပြီးပြောလိုက်တဲ့သားကြောင့် နွယ်ရှက်သွားကာ လက်ထဲမှဖုန်းကိုတောင် မသိလိုက်ပဲ လက်နှစ်ဖက်နဲ့ဆွဲလိမ်မိသလိုဖြစ်သွားသည်... ဒါကိုမြင်တဲ့သားက နွယ်ပုခုံးပေါ်ကနေသိုင်းပြီး နွယ်လက်ထဲကဖုန်းကို သူ့လက်တွေနဲ့ အသာလေးဆွဲဖြုတ်ယူလိုက်ပြီး...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora