အပိုင်း-၁၃(အပိုင္း-၁၃)

3.9K 95 1
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၁၃★

"Boss အိမ်ပဲတန်းပြန်မလား?... ဘယ်သွားအုံးမလဲ?"

မင်္ဂလာဒုံဘက်မှာ လုပ်ငန်းရှင်ပါတနာတစ်ယောက်ရဲ့Dinnerပွဲတက်ပြီး ခြံထဲကပြန်ထွက်လာတဲ့မာန့်ကို ဘေးကတေဇကမေးတာဖြစ်သည်... 

"တော်တော်လည်းနောက်ကျနေပြီ... ဒီနဲ့မင်းအိမ်နဲ့ကနီးတယ်ဆိုတော့ ငါ့ကို အိမ်အထိပြန်ပို့မနေနဲ့တော့...  ဒီနေ့တော့ငါပဲမင်းကိုလိုက်ပို့မယ်"

"ဒါဆို ကျွန်တော်taxiနဲ့ပဲပြန်လိုက်မယ်လေ... Boss လိုက်မပို့ပါနဲ့"

"ဘယ်လိုပဲပြန်ပြန် ဒီအိမ်ရာထဲမှာtaxiမရှိဘူး... တက် ကားပေါ်..."

တေဇကိုtaxiငှားလို့ရတဲ့နေရာမှာထားခဲ့ပြီးတာနဲ့. အိမ်ကိုပြန်လာသောမာန်တစ်ယောက် accidentတစ်ခုကြောင့်လမ်းပိတ်နေတာနဲ့သွားကြုံတော့သည်...

"ကျစ်... ဒီပုံအတိုင်းဆို အတွင်းလမ်းကဖြတ်ပြန်တာပဲကောင်းမယ်"

ပါးစပ်ကပြောလိုက်သလို လက်ကလည်းကားစတီယာရင်ကို ဘယ်ဘက်ရှိလမ်းသွယ်ထဲသို့ ဦးတည်ကာချိုးဝင်လိုက်တော့သည်...

"ကျွီ................................."

မောင်းနေရင်း ရုတ်တရက်ကားရှေ့ဖြတ်ပြီးဝင်လာတဲ့အမျိုးသမီးတစ်ဦး‎ကြောင့် ဘရိတ်ကိုဆောင့်အုပ်ရလိုက်ရသလို စိတ်ကလည်းထောင်းခနဲဖြစ်သွားရသည်... မာန့်ကားရှေ့မှာရပ်လိုက်တဲ့ ထိုအမျိုးသမီးကပြေးလာ၍ မာန့်ကားတံခါးမှန်ကို တဒုန်းဒုန်း လာထုကာ အပြင်ကနေတစ်ခုခုအော်ပြောနေတာကြောင့် မာန် ကားထဲကနေမျက်မှောင်ကြုံကာကြည့်မိသည်... ရောက်နေတဲ့နေရာက လူနေအိမ်မရှိပဲဘောလုံးကွင်းသာရှိသည့်အတွက် လူပြတ်သည့်နေရာဖြစ်ကာ အားနည်းနည်းမီးတိုင်အလင်းရောင်ကြောင့် ပတ်ဝန်းကျင်အ‎ခြေအနေကကောင်းမွန်ခြင်းသိပ်မရှိ... အပြင်ကအမျိုးသမီးကတော့ မာန်ဘေးမှန်တံခါးကိုရိုက်ပုတ်နေဆဲဖြစ်သည်...

မာန်ထိုင်ခုံနဲ့ကားတံခါးဘေးကြားမှာအမြဲဆောင်ထားသည့် ဘေ့စ်ဘောတုတ်တံကိုဆွဲထုတ်လိုက်ကာ ဖုန်းကနေတေဇဆီ သူ့locationကိုmessageပို့လိုက်ပြီးမှ ကားမှန်ချလိုက်သည်...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now