အပိုင်း-၈(အပိုင္း-၈)

4.1K 115 0
                                    

🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၈★

ထမင်းစားပွဲပေါ်မှာဟင်းပွဲတွေကိုပြင်နေစဉ် နောက်မှနေပြီး နွယ့်ပခုံးလေးပေါ်ခေါင်းမှီကာ ခါးကိုသိုင်းဖက်လိုက်တဲ့လက်တစ်စုံကြောင့် နွယ်နှုတ်ခမ်းတွေပြုံးရောင်သန်းသွားရသည်... ခါးပေါ်မှာရှိနေတဲ့ထိုလက်တစ်စုံအပေါ်ကနေ နွယ့်လက်လေးနဲ့အုပ်ကိုင်လိုက်ရင်း နောက်လှည့်ကာ

"လူကဖြင့်လူကြီးဖြစ်နေပြီ... မေမေ့ကိုကပ်ချွဲချင်တုန်း... ပြောပါအုံး... စာလုပ်လို့ပြီးပြီလား? ... သူငယ်ချင်းတွေရော?"

ပြောလည်းပြော နွယ်ထမင်းစားခန်းထဲမှာမရှိတဲ့ သားသူငယ်ချင်းတွေကိုလည်း မျက်လုံးဝေ့ပြီး ရှာကြည့်လိုက်သည်... ခေါင်းလေးစောင်းပြီးလိုက်ကြည့်နေတဲ့နွယ့်ကို သားက

"စာလုပ်လို့လည်းပြီးသွားပြီ... သူငယ်ချင်းတွေကဧည့်ခန်းထဲမှာ ဖွားဖွားနဲ့စကားပြောနေကြတယ်..
သားက မေမေ့ကိုဘာဝိုင်းကူရမလဲ?... လာကြည့်တာ"

"မမ... အိမ်ရှေ့မှာအစ်ကိုလေးရောက်နေပါပြီ... "

သားအမိနှစ်ယောက်စကားပြောနေတုန်း ပြောလာတဲ့ကောင်မလေးကြောင့် နှစ်ယောက်သားဧည့်ခန်းဆီသို့ထွက်လာလိုက်သည်...

"ဟော... သားတောင်ပြန်လာပြီ... ဒီမှာ မြေးသူငယ်ချင်းတွေစာလာလုပ်ရင်း သားနဲ့ထမင်းတူတူစုစားဖို့ စောင့်နေလေရဲ့..."

"ဟုတ်ကဲ့ မေမေ... ဒါဆို သားရေချိုး အဝတ်လဲပြီးဆင်းခဲ့မယ်... ကလေးတွေ.. မင်းတို့ဗိုက်ဆာနေပြီလား?"

နွယ်နဲ့သား ဧည့်ခန်းရောက်တော့ ကိုက ကလေးတွေကိုတလှည့် မေမေ့ကိုတလှည့်ပြောနေသည်...

"မဆာသေးပါဘူး အန်ကယ်... "

ကို့အမေးကို ကလေးသုံးယောက်ကပြိုင်တူဖြေကြသည်... နွယ်ကပဲ ကို့လက်ဆွဲအိတ်ကိုလှမ်းယူလိုက်ပြီး ကို့လက်မောင်းကိုအသာကိုင်လိုက်ကာ

"ခုမဆာသေးလည်း ခဏနေဆာလာတော့မှာဆိုတော့ ကိုမြန်မြန်ရေချိုးလိုက်လေ... နွယ်အဆင်သင့်ပြင်ပေးထားတယ်"

ကိုက နွယ့်ဘက်လှည့်ကြည့်ကာ ခေါင်းတစ်ချက်ညိတ်ပြပြီး နှစ်ယောက်သားအပေါ်ထပ်သို့တက်ခဲ့ကြတော့သည်... အခန်းထဲရောက်တော့ အင်္ကျီချွတ်ဟန်ပြင်နေတဲ့ကို့ကို ဝိုင်းကူဖို့ နွယ် ကို့ရင်ဘတ်ကဖြုတ်လက်စကြယ်သီးတွေကိုထိလိုက်တော့ ကိုက နွယ့်လက်လေးကို ဖျတ်ခနဲဖယ်ချလိုက်ကာ

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Tahanan ng mga kuwento. Tumuklas ngayon