အပိုင်း-၁၂(အပိုင္း-၁၂)

3.9K 100 0
                                    

#Unicode

🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၁၂★

"ဘာလိုလိုနဲ့ ငါတို့စာမေးပွဲဖြေရမယ့်အချိန်က နှစ်လတောင်မရှိတော့ဘူး... အရမ်းတွေနီးကပ်နေပြီ"

"ဘာလဲ... မင်းကခုထိreadyမဖြစ်သေးဘူးလား?...
ဘာညည်းအုံးမလို့လဲ?"

"တော်စမ်းပါကွာ... readyပဲကွသိလား... readyပဲ...
ခုချက်ချင်းလာဖြေဆိုရင်တောင် အောင်နိုင်သူတို့က အေးဆေးပဲ... မင်းသာ တစ်နေ့တစ်နေ့လည်လိမ်ခံထားရတဲ့ကြက်လိုဖြစ်နေတာ... "

ထုံးစံအတိုင်း တစ်ယောက်ကစကားတစ်ခွန်းစလိုက်ပြီဆိုတာနဲ့ နောက်တစ်ယောက်က လိုက်ခွပ်ဖို့အဆင်သင့်ပြင်နေတဲ့ ကြက်ဖနှစ်ကောင်လို အောင်နိုင်နဲ့အာကာကိုကြည့်ပြီး ခြူးပြုံးလိုက်မိသည်... ပြီးမှသူ့ဘေးမှထိုင်နေတဲ့ဘုန်းငယ်ဘက်ကပ်ပြီး

"အဲ့နှစ်ယောက်ကလေ... မတွေ့တော့လည်းမတွေ့လို့ တွေ့ပြီဆိုရင်လည်းခွပ်မယ်ဆိုတာကြီးပဲ"

ခြူးခပ်တိုးတိုးလေးပြောလိုက်တော့ ဘုန်းငယ်ကခပ်ကျိတ်ကျိတ်ရယ်ပြီး

"အဲ့ဒါသူတို့နှစ်ကောင်ရဲ့ထုံးစံပဲလေ... ဟိုးအရင် သူတို့စခင်တာလဲခွပ်ရင်းနဲ့ပဲမလား?..."

ဘုန်းငယ်ရဲ့စကားကြောင့်ခြူးပါပြုံးစစဖြစ်သွားကာ

"ဟုတ်ပါ့... အဲ့တုန်းကလေ... သူတို့နှစ်ယောက်နေရာလုကြတာမလား... အောင်နိုင်တစ်ယောက်စွာလိုက်တာဆိုတာ တစ်ခန်းလုံးသူ့အသံချည်းပဲ... နောက် သူတို့နေရာကိုအခြားသူဦးသွားပြီး ငါတို့နားမှာလည်းထိုင်ရရော ဟိုနေရာယူသွားတဲ့ကောင်လေးတွေကို မကျေမနပ်တွေဖြစ်ပြီး စည်းလုံးသွားလိုက်ကြတာဆိုတာ... ငါအခုထိမှတ်မိပါသေးတယ်"

"မိခြူး!... နင်ဘာတွေရယ်နေတာလဲ?"

ပြောရင်း ရယ်သံလေးနည်းနည်းထွက်သွားတော့ ရန်ထောင်နေသောကြက်ဖကြီးနှစ်ကောင်သတိထားမိသွားပြီး  ပြိုင်တူမေးကြသည်

"ဘာမှမဟုတ်ပါဘူး... ဒီတိုင်းဟိုပြောဒီပြော... စာလုပ်လေ... နင်တို့ခွပ်... အဲ့ စကားပဲများမနေနဲ့...
ပြီးရင်ထမင်းစားကြမယ်... ကြီးစိုးကြီးကရှယ်ချက်ထားတာ... နင်တို့အမုန်းဆွဲပဲ"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora