အပိုင်း-၃၈(အပိုင္း-၃၈)

3.8K 80 0
                                    

#Unicode
အိပ်ရာပေါ်မှာအချိန်အကြာကြီးသတိမေ့နေခဲ့တဲ့သူမရဲ့မျက်ဝန်းညိုညိုလေးတွေပွင့်လာတဲ့အချိန်မှာတော့ လက်ယာဝမ်းသာအားရ သူမကိုယ်လေးကိုပွေ့ဖက်လိုက်မိသည်

"နန်း... မင်းသတိရလာပြီနော်... ကိုယ်မင်းကိုဘယ်လောက်စိတ်ပူနေရလဲသိရဲ့လား?.. ကိုယ်မှားပါတယ်... ကိုယ့်ကိုခွင့်လွှတ်ပေးမယ်မလား?"

အပျော်လွန်ပြီးလက်ထဲမှာရှိနေတဲ့ခန္ဓာကိုယ်လေးရဲ့တုန့်ပြန်မှုတွေကိုသတိမထားမိပဲရှိနေရာမှ ရုတ်တရက်သတိဝင်သွားသည်.... ရင်ခွင်ထဲကကိုယ်လေးကိုခွာပြီးမျက်နှာလေးကိုသေချာစိုက်ကြည့်လိုက်မိသည်

မျက်တောင်အဖွင့်အပိတ်မှန်မှန်လုပ်နေတာကလွဲရင်မျက်လုံးလေးတွေကတစ်နေရာတည်းမှာအသေဖြစ်နေပြီး ကျောက်ရုပ်တရုပ်လိုခန္ဓာကိုယ်တစ်ခုလုံးကပါတုန့်ပြန်မှုမရှိတာကိုတွေ့လိုက်ရတော့ လက်ယာတုန်လှုပ်စွာပုခုံးကနေဆွဲလှုပ်ပြီး

"နန်း... သတိထားစမ်း... နန်း... ကိုယ်ပြောနေတယ်လေ... သတိထားစမ်းလို့... နန်း"

သူဘယ်လောက်ပဲဆွဲကိုင်လှုပ်နေပါစေ သူဘယ်လောက်အော်ခေါ်နေပါစေ နေမြဲအတိုင်းရှိနေတဲ့သူမကိုကြည့်ပြီး လက်ယာ သူစိုးရိမ်တာတွေတကယ်ပြန်ဖြစ်လာပြီဆိုတာသိလိုက်တော့သည်

"နန်းရယ်... ကိုယ်မှားတာပါ... ကိုယ်မပြောသင့်တဲ့စကားကိုပြောလိုက်မိလို့... ကိုယ့်ကြောင့်... ငါကွာ... 'တောက်' "

"အစ်မ သတိရလာပြီလား?... အစ်မ နေသာရဲ့လား?.... အစ်မ"

"................"

"ဟေ့လူ... အစ်မဘာဖြစ်တာလဲ?... အစ်မ..."

နန်းရဲ့တုန့်ပြန်မှုမရှိတဲ့ပုံစံကိုနားမလည်တဲ့လူက နန်းအသားကိုထိပြီးကိုင်လှုပ်ဖို့ပြင်တော့ လက်ယာအဲ့လက်ကိုပုတ်ချလိုက်ကာ

"မထိနဲ့..."

"ဟ... ခင်ဗျားကဘာလဲ?... ကျုပ်ကအစ်မကိုစိုးရိမ်လို့ဗျ... အစ်မဘာဖြစ်နေတာလဲ?... တစ်ခုခုမူမမှန်သလိုပဲ"

"............"

"ဟေ့လူ... မေးနေတာဖြေလေ... အစ်မဘာဖြစ်နေတာလဲ?"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now