အပိုင်း-၄၈(အပိုင္း-၄၈)

4.5K 89 4
                                    

#Unicode
🚪'ဒုန်း ဒုန်း ဒုန်း'

"ဖေဖေ!... ဖေဖေ!... ကျွန်တော်ခေါ်နေတယ်လေ... တံခါးဖွင့်အုံး... ဖေဖေ... ဖေဖေ!"

🚪 'ကျွီ'

ဘုန်းငယ် မေမေ့ကိုအခန်းထဲမှာဘွားနဲ့ထားခဲ့ပြီးဖေဖေ့နောက်လိုက်လာကာ စာကြည့်ခန်းတံခါးကိုအဆက်မပြတ်ထုရိုက်အော်ခေါ်နေတော့အခန်းတံခါးကပွင့်လာခဲ့သည်

သို့သော်အခန်းထဲကထွက်လာသူကဖေဖေမဟုတ်ပဲ ဦးနောင်

အခန်းထဲကထွက်လာပြီးတာနဲ့အခန်းတံခါးကိုပြန်ပိတ်လိုက်ပြီးမှဘုန်းငယ်ရှေ့မှာရပ်သည်

"ဘုန်းငယ်... ခုချိန်သားဖေဖေနဲ့စကားမပြောသေးတာကောင်းမယ်ထင်တယ်... နောက်အားလုံးစိတ်အေးသွားမှပြောကြတာပိုအဆင်ပြေမယ်"

"ဘာကိုစိတ်အေးသွားမှလဲ?... ကျွန်တော်ကဘာကိုစောင့်ရအုံးမှာလဲ?... ဖေဖေဘာတွေဖြစ်နေတာလဲ?... ဒီလောက်ပြဿနာတွေတစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်နေတာတောင်ရက်တွေအကြာကြီးအိမ်ပြန်မလာခဲ့တဲ့ဖေဖေ... ပြန်လာရင်လည်းဘာတစ်ခုမှရှင်းပြမယ်ဆိုတာမရှိပဲ အိမ်ကကျွန်တော်တို့တွေကိုရှိတယ်လို့တောင်မသတ်မှတ်ပဲတသီးတခြားနေနေတတ်တဲ့ဖေဖေ... အဲ့လိုဖေဖေ့ကိုကျွန်တော်နားလည်ပေးဖို့အသေအလဲကြိုးစားနေခဲ့ရတယ်ဆိုတာဦးနောင်သိရဲ့လား?...

မျက်စိတစ်မှိတ်အတွင်းမှာအခြားတစ်ယောက်လိုပြောင်းလဲသွားတဲ့ဖေဖေ့ကြောင့်ကျွန်တော်ဘယ်လောက်ထိခံရခက်နေတယ်မှတ်လဲ?... အခုလည်းရက်တွေအကြာကြီးပျောက်နေပြီးမှရုတ်တရက်ပြန်လာပြီး မေမေ့ကိုဘာတွေပြောပြီးဘယ်လိုတွေလုပ်လိုက်လို့ မေမေ့ခမျာ ခုနကလို.... ဟာဗျာ... ဒီတစ်ခါတော့ဖေဖေအရမ်းလွန်သွားပြီ..."

"အခုချိန်မှာ ဦးနောင်ရှင်းပြလည်း သားဘာကိုမှလက်ခံနိုင်အုံးမှာမဟုတ်သေးဘူးဘုန်းငယ်... ဒါပေမယ့် မင်းဖေဖေအခုလိုလုပ်နေတာတွေကအကြောင်းမဲ့သက်သက်ပြဿနာရှာနေတာမဟုတ်ဘူးသား... လူကြီးတွေကြားမှာသားကိုရှင်းပြလို့မရသေးတဲ့ပြဿနာကြီးကြီးမားမားရှိနေတယ်လို့ပဲသိထားပြီး သားဖေဖေကိုနားလည်ပေးလိုက်ပါကွာ... အခုလက်ရှိမှာ သားဖေဖေကအရမ်းကိုနာကျင်ခံစားနေရတယ်ဘုန်းငယ်..."

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Opowieści tętniące życiem. Odkryj je teraz