အပိုင်း-၁ (အပိုင္း-၁)

13.8K 252 0
                                    

#Unicode
                 🌛လရိပ်ဘယ်ဆီ🌜

                       ★အပိုင်း ၁★

#ဘုန်းစက်ညွှန်း
အထက်တန်းကျောင်းသားတစ်ယောက်မို့လူကဟိုမရောက်ဒီမရောက်အရွယ်...
ဒါပေမယ့်အရွယ်နဲ့မလိုက်အောင်ရင့်ကျက်တည်ငြိမ်တယ်...
သူသိပ်ချစ်တဲ့သူ့မိဘနှစ်ပါးနဲ့ သူ့အဘွားဖြစ်သူရဲ့ရှေ့မှာတော့ ကလေးတစ်ယောက်လိုအပူအပင်ကင်းစွာနေထိုင်လေ့ရှိတယ်...
'အဖေချစ်သား' လို့ပြောရလောက်အောင်  မိသားစုဝင်အားလုံးထဲမှာ သူ့အဖေမှသူ့အဖေဖြစ်ရလောက်တဲ့အထိ ဖခင်အပေါ်ကို ချစ်ခင်အားကိုးတွယ်တာတယ်....
ဒါပေမယ့် သူ့အဖေရဲ့ဥပေက္ခာတွေကြောင့် အမြဲအထီးကျန်နေခဲ့ရတဲ့မိခင်ကိုတော့ သနားချစ်နဲ့ချစ်သလို အမေဖြစ်သူပျော်ရွှင်ရအောင် အဖေနဲ့အမေကြားမှာ Cupidဆန်ဆန် အောင်သွယ်ပေးပြန်တယ်...
တခြားလူငယ်လေးတွေလို အချစ်တွေဘာတွေကိုစိတ်ဝင်စားခြင်းမရှိပဲ သူ့မိသားစုလေးပျော်ရွှင်ရဖို့ပဲ သူ့စိတ်ထဲမှာရှိတယ်...

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

မာန်စံအိမ်ရဲ့မနက်ခင်းကဒီလိုမျိုးစတင်၏...

ကြိုးတစ်ချက်ဆွဲလိုက်တာနဲ့ လိုက်ကာတွေဟာ တစ်ဖက်တစ်ချက်စီကိုရောက်သွားပြီး မနက်ခင်းအလင်းရောင်က တိတ်ဆိတ်မှောင်မိုက်နေတဲ့အခန်းထဲကို ကျရောက်လာသည်...အလင်းရောင်ကြောင့် နှစ်ယောက်အိပ်အနက်ရောင်မွေ့ရာပေါ်မှာ ဖက်လုံးကိုခွကာ အိပ်နေတဲ့လူပျိုပေါက်အရွယ်ကောင်လေးက လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်...

"သား... ဘုန်းငယ်... သားရေ... ထတော့လေ... မေမေတို့ ဒီနေ့ဖေဖေ့ကိုသွားကြိုမယ်လေ...သားမလိုက်ဘူးလား?"

အမေအသံကြားတာနဲ့ ကြိတ်မှိတ်အိပ်နေတဲ့ကောင်လေးရဲ့မျက်လုံးတွေဟာ ချက်ချင်းပွင့်သွားသည်...

"ဘယ်နှစ်နာရီရှိပြီလဲ မေမေ?"

ပြောလည်းပြော... ခေါင်းရင်းကနာရီကို လှမ်းယူကြည့်ကာ

"ဟာကွာ... ၉နာရီတောင်ထိုးတော့မယ်... ဖေဖေ့ကို သားလာကြိုမယ် ပြောထားတာ... နောက်ကျတော့မှာပဲ... "

အိပ်ရာဘေးမှာရပ်နေတဲ့အမျိုးသမီးက ကောင်လေးကို ပြုံးပြီးကြည့်ကာ

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now