အပိုင်း-၄(အပိုင္း-၄)

5.4K 130 0
                                    

#Unicode
                    🌛လရိပ်ဘယ်ဆီ🌜

                          ★အပိုင်း၄★

"ဟာ... ခြူး!... ဟိုဟာခြူးသံစဉ်မလား?... ဟေ့ကောင်တွေ!... ဟိုမှာခြူးဟ... ကြည့်စမ်းပါ"

အောင်နိုင့်အသံကြောင့် စာဖတ်နေသောကျွန်တော်နဲ့ နောက်တန်းလှည့်ပြီးစကားပြောနေသောအာကာပါ  အတန်းရှေ့ကို ပြိုင်တူကြည့်လိုက်မိသည်... အတန်းထဲကိုဝင်လာသောခြူးကိုကြည့်၍ အံသြနေသောဟိုနှစ်ယောက်ကိုကြည့်ပြီး သူကျိတ်ရယ်မိသည်...  အရင်အပတ်က ဟိုတယ်မှာတွေ့ပြီးထဲက သူနဲ့ခြူး ညတိုင်းလိုလိုဖုန်းပြောဖြစ်ကြသည်...  အစက သူနဲ့မတွေ့ခင် တခြားကျောင်းတက်ဖို့စီစဉ်နေသောခြူးတစ်ယောက် သူတို့ကျောင်းကိုပြောင်းဖြစ်သွားသည်...  အိမ်ပြောင်း ကျောင်းပြောင်းနဲ့အလုပ်ရှုပ်နေသောကြောင့် ခြူးကဒီအပတ်မှ ကျောင်းစတက်ဖြစ်တာဖြစ်သည်...

ဟို၂ကောင်ကို surpriseလုပ်ချင်လို့ သူ့အကြောင်းမပြောပါနဲ့အုံးဆိုတော့ သူလည်းမပြောဖြစ်...  ပါးစပ်ခုတော့ ထင်သည့်အတိုင်းပင် ပါးစပ်အဟောင်းသားနဲ့ တအံတသြဖြစ်နေကြတာ ရုပ်တွေက ဘာပုံပေါက်နေမှန်းတောင်မသိတော့... လွယ်အိတ်လေးလွယ်ပြီး အတန်းထဲဝင်လာတဲ့ခြူးက သူတို့ဆီ  တန်းတန်းမတ်မတ်လျှောက်လာပြီး

"Hi... မတွေ့ရတာကြာပြီ သူငယ်ချင်းတို့... ပါးစပ်လေးဘာလေးစေ့ကြပါအုံးဟယ်... သရေတွေကျ... ယင်တွေဝင်ဥကုန်အုံးမယ်"

"ဟေ့ကောင်... ငဘုန်း!... မင်းသိနေတာလား?"

ခြူးစကားကြောင့် သူမထိန်းနိုင်တော့ပဲထရယ်တော့ ၂ကောင်သားသူ့ဘက်လှည့်၍ ပြိုင်တူမေးကြသည်... ဒီကောင်တွေအံဩတာလည်း မထူးဆန်းပါ... ခြူး ကျောင်းပြောင်းသွားပြီးကတည်းက သူတို့အားလုံးနဲ့ အဆက်အသွယ်ပြတ်သွားကြတာမလား... အဲ့လို အဆက်အသွယ်ပြတ်ရခြင်းအကြောင်းအရင်းတွေအများကြီးထဲကတစ်ခုကတော့ သူတို့လေးယောက်လုံးမှာ ထူးခြားစွာ တူညီနေသောအကျင့်တစ်ခုကြောင့်လို့လည်း ပြောလို့ရသည်... အဲ့တာကတော့ Social Mediaနဲ့ ပက်သက်ပြီးဘာမှမသုံးကြခြင်းပင်... ဒီတစ်ခုမှာတော့တိုက်တိုက်ဆိုင်ဆိုင် လာတူနေကြတဲ့အတွက် တစ်နယ်တစ်ကျေးရောက်နေတဲ့ခြူးနဲ့ အလှမ်းဝေးသွားခဲ့တာဖြစ်သည်...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now