အပိုင်း-၄၅(အပိုင္း-၄၅)

4.4K 81 0
                                    

#Unicode

📱"မင်းတော်တော်အသုံးမကျတာပဲ... ဒီလောက်အားလုံးကိုပိပိရိရိနဲ့တစ်သက်လုံးရှာလို့မတွေ့တော့အောင်ပုန်းခိုင်းထားပါဆိုတာကို အခုတော့ဟိုက ဟိုသူနာပြုဆရာမကိုရှာတွေ့သွားပြီတဲ့... အဲ့တာမင်းသိလား?"


"ကျွန်တော်တကယ်မသိခဲ့ပါဘူး... ကျွန်တော်ကိုယ်တိုင်လည်းခင်ဗျားတို့ကို ကတိပေးထားတဲ့အတိုင်းအားလုံးရဲ့အဝေးဆုံးမှာလူသစ် စိတ်သစ်နဲ့ဘဝသစ်ကိုစခဲ့တာကြာခဲ့ပြီလေဗျာ... ဘယ်လိုလုပ်ပြီးအဲ့ကအဖြစ်အပျက်တွေကိုလက်လှမ်းမီတော့မှာလဲ?"


'တောက်'


"ပြောလိုက်ရင်တော့ဆင်ခြေကအပြည့်နဲ့... အားလုံးကိုအခုချက်ချင်းဆက်သွယ်... ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဘယ်သူမှရှာမတွေ့အောင်ရအောင်ပုန်းနေလို့... ပြီးတော့မင်းကိုယ်တိုင်ရောပဲ... ငါမင်းတို့ကိုဒီလောက်ပေးကမ်းခဲ့တာတွေကအလကားသက်သက်စွန့်ကြဲနေတာမဟုတ်ဘူး... တန်ရာတန်ကြေးလေးတော့ပြန်ဆပ်ကြ... ဟိုကအကုန်လုံးရဲ့တရားခံကဘယ်သူဆိုတာသိသွားလို့ကတော့ မင်းတို့တင်မကဘူး အားလုံးရဲ့ဘဝနိဂုံးကလှလှပပဖြစ်မယ်များထင်နေလား... အဖြစ်ရှိအောင်နေကြစမ်းပါ"


"ဟုတ်ကဲ့ပါ... စိတ်ချ... သူနောက်ထပ်ကျုပ်တို့ဘယ်သူ့ ဘယ်သူဆီကမှ ဘာသဲလွန်စမှထပ်မရစေရပါဘူး"


"အေး... ငါလည်းမင်းတို့နဲ့ထပ်ပြီးပက်သက်ချင်တဲ့ဆန္ဒတစ်စိုးတစ်စိတောင်မရှိလို့ ထပ်မဆက်သွယ်ရလေကြိုက်လေပဲ... ကိုယ့်အလုပ်ကိုယ်သေချာလုပ်ကြ"📱


အိပ်ခန်းတစ်ခန်းရဲ့အလယ်ကဆက်တီမှာ ကျောပေးထိုင်ပြီး ဖုန်းထဲကတစ်စုံတစ်ယောက်ကိုအမိန့်အာဏာတွေပေးနေသော လူတစ်ယောက်


စကားပြောပြီးလို့ စားပွဲပေါ်တင်လိုက်သော ဖုန်းကိုကိုင်၍ ထိုင်နေရာမှထကာ တစ်ဖက်ကိုလှည့်လိုက်တဲ့သူသည် တစ်ကိုယ်လုံးမှာဆင်မြန်းထားတဲ့လက်ဝတ်ရတနာတွေက မြင်သူအားကျလောက်အောင် တန်ဖိုးကြီးရတနာများဖြင့်ကြွားဝင့်စွာအလှဆင်ထားသောအဆင်တန်ဆာများဖြစ်သလို... ခန္တာကိုယ်မှာဝတ်ထားတဲ့အကောင်းစားပိုးထည် ချည်ထည်တို့နဲ့ခေတ်မီဆန်းသစ်စွာချုပ်လုပ်ထားသော အဝတ်အစားတို့ကြောင့် ကြည့်လိုက်တာနဲ့လူကုံထန်အသိုင်းအဝိုင်းကဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်ဆိုတာသိသာလွန်းလှသည်

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora