အပိုင်း-၃၆(အပိုင္း-၃၆)

3.9K 82 1
                                    

"Boss... ရောက်ပြီလား?... အထဲမှာကိုတေဇတို့ရှိပါတယ်"

မာန်ကားပေါ်ကဆင်းလိုက်တာနဲ့ အိမ်ထဲကထွက်ပြီးလာကြိုတဲ့ခြံစောင့်ကောင်လေးကို တစ်ချက်ကြည့်လိုက်ကာ ဟန်မင်းနဲ့အတူအိမ်ထဲဝင်လာလိုက်သည်

ရှင်းလင်းနေတဲ့ဧည့်ခန်းကိုမြင်လိုက်ရတော့

"အားလုံးဘယ်ရောက်နေတာလဲ?"

"ထောင့်ဆုံးအခန်းထဲမှာရှိပါတယ်Boss... ဟိုအစ်မရုတ်တရပ်မေ့လဲသွားလို့အားလုံးအဲ့အခန်းမှာရှိနေပါတယ်"

မာန်ဘာမှပြန်မပြောတော့ပဲကောင်လေးပြောတဲ့အခန်းဆီသို့လျှောက်လာလိုက်တော့သည်

ဖွင့်ထားလျက်ရှိနေတဲ့တံခါးကနေအခန်းထဲကိုကြည့်လိုက်တော့  ကုတင်ဘေးမှာစွန်းမှာထိုင်ပြီး အိပ်ရာပေါ်မှာလှဲနေတဲ့သူမရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ဟိုကောင့်ကိုမြင်လိုက်ရသဖြင့် ခြေလှမ်းကျဲများနှင့်အခန်းထဲဝင်လိုက်မိသလို

"ဒါကဘယ်လိုဖြစ်တာလဲ?"

ရုတ်တရပ်မာန့်အသံကိုကြားလိုက်တာနဲ့ကုတင်စောင်းမှာထိုင်နေတဲ့ဟိန်းလက်ယာတစ်ယောက်ထိုင်နေရာမှဆတ်ခနဲထလာကာ

"မင်းစက်မာန်... ခင်ဗျားကြီး..."

👊'ခွပ်'

မေးရိုးကိုပင့်ထိုးလိုက်တဲ့အငိုက်ထိုးချက်ကြောင့်မာန်နည်းနည်းတော့အီသွားရသည်

"ဟာ... Boss!.... ဟေ့လူ..."

👊'ခွပ်'

"Boss!... ဟေ့လူ...  ခင်ဗျား..."

မာန်ကဘာမှပြန်မလုပ်ရသေးပေမယ့် မာန့်အတွက်စိတ်ပူပေးကြတဲ့တေဇနဲ့ဟန်မင်းနှစ်ယောက်ကတော့ ဟိန်းလက်ယာကို ထိုးတဲ့လူကထိုးလိုက်သလို ဆွဲလားရမ်းလားလုပ်တဲ့လူကလုပ်နေပြီဖြစ်သည်

"တေဇ ဟန်မင်း တော်တော့....
ဟိန်းလက်ယာ... မင်းကအသက်သာကြီးလာတာ... အရင်လိုကမူးရှုးထိုးအကျင့်ကတော့မပျောက်သေးပဲ... အရင်ဆုံးမင်းစိတ်ကိုအေးအေးထားလိုက်... ပြီးမှငါနဲ့မင်းစကားဆက်ပြောတာပေါ့"

မာန်ပါးစပ်ကဟိန်းလက်ယာကိုပြောနေပေမယ့် အကြည့်တွေကတော့အိပ်ရာပေါ်ကသူမဆီမှာ

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora