အပိုင်း-၃ (အပိုင္း-၃)

6K 168 0
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜

★အပိုင်း၃★

ဘုန်းငယ် ဖေဖေနဲ့အတူထိုင်ခုံမှာထိုင်ရင်း သူ့တို့သားအဖအတွက် အင်္ကျီရွေးနေတဲ့မေမေ့ကိုကြည့်နေသည်...

"ဖေဖေ... မေမေ့အတွက် ဟိုဟာလေး ဒီဟာလေးဝယ်ပေးလေ... ဖေဖေက ဘယ်သွားသွား သားတို့ကို လက်ဆောင်တွေလှမ်းပို့တယ်...ပြန်လာတိုင်းလည်း အမြဲဝယ်လာတယ်ဆိုပေမယ့် ခုလိုကိုယ်တိုင်လိုက်ဝယ်ပေးတော့ မေမေလုံးဝကြိုက်မှာ... မိန်းကလေးတွေက သူတို့ချစ်တဲ့သူဆီက လက်ဆောင်ရရင်သိပ်ပျော်တယ်တဲ့... "

"ဒါဆို... ဖေဖေ့သားက မိန်းကလေးတွေ ဘာကြိုက်တတ်လဲဆိုတာတောင်သိနေပြီပေါ့... ဟုတ်လား?..."

"ဟာ... ဖေဖေကလဲ... ဘွားဘွားနဲ့မေမေက မိန်းကလေးတွေပဲလေ... အဲ့တော့ သားက ဘွားနဲ့မေမေ့အကြိုက်ကို လေ့လာရတာပေါ့... အဲ့ဒါကြောင့် သိနေတာပါ..."

သူ့ကိုစိုက်ကြည့်ပြီးမေးလိုက်တဲ့ဖေဖေ.... ဘုန်းငယ် ဖေဖေ့ကို ပျာပျာသလဲလဲပြန်ရှင်းပြမိသည်...

"အေးပါ... ခုတော့ ဖေဖေ့သားကိုဖေဖေယုံပါတယ်... ဒါပေမယ့် သားသိဖို့က မင်းရဲ့ခြေလှမ်းတိုင်းကို ဖေဖေသိတယ်... အဲ့တော့ သားတစ်ခုခုလုပ်မယ်ဆိုရင် သားရဲ့နောက်မှာ ဖေဖေရှိတယ်ဆိုတာကို မမေ့နဲ့...

ယောကျာ်းဆိုတာ ဘာပဲလုပ်လုပ်... လုပ်ချင်တာလုပ်ပြီးရင်တော့ ကိုယ့်တာဝန်ကိုယ်ယူနိုင်ရမယ်... လုပ်ရဲရင် ခံရဲရမယ်... ဒီအရွယ် ဒီအချိန်မှာစိတ်ကစားတယ်ဆိုတာ ဖေဖေလက်ခံနိုင်တယ်... ဒါပေမယ့် ဘဝနဲ့ရင်းပြီး မှားယွင်းနိုင်တဲ့ဘယ်လိုအမှားမျိုးကိုမှ ဖေဖေလက်ခံမှာမဟုတ်ဘူး... ကိုယ့်စိတ် ကိုယ့်ဆန္ဒကို သတိနဲ့ အမြဲစဉ်းစားချင့်ချိန်နိုင်မှ ယောကျာ်းကောင်း... အဲ့တာအမြဲမှတ်ထား"

"ဟုတ်ကဲ့... စိတ်ချပါဖေဖေ...
သား ဖေဖေ့ဆုံးမစကားတွေကို ဘယ်တော့မှမမေ့ပါဘူး... အမြဲလည်းလိုက်နာမှာပါဖေဖေ..."

ဘုန်းငယ် ဖေဖေ့ကိုလေးလေးနက်နက်ကတိပြုပြီးနောက်

"ဒါပေမယ့် အခုတော့ မေမေပျော်အောင် သားနဲ့အတူ နည်းနည်းကူပါဖေဖေရာ... မေမေက ဖေဖေအိမ်မှာမရှိတိုင်း ဖေဖေ့ကိုအမြဲလွမ်းနေတာ... ထုတ်မပြောလည်း သားက မေမေ့မျက်ဝန်းတွေကို ကြည့်တာနဲ့သိတယ်... မေမေသနားပါတယ် ဖေဖေရာ"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now