အပိုင်း-၁၆(အပိုင္း-၁၆)

3.8K 98 0
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜               
★အပိုင်း၁၆★

########(အတိတ်စာမျက်နှာ တစ်စွန်းတစ်စ)

"မြေးရေ... ရွယ်ရွယ်ထတော့လေ...
ဘယ်နှစ်နာရီတွေတောင်ရှိနေပြီလဲ?.... ကျောင်းသွားရမယ်လေ.... ဟဲ့... ထ.... ထ"

ပြောလည်းပြော ကုတင်ပေါ်မှာမှောက်အိပ်နေတဲ့ကောင်မလေးရဲ့တင်ပါးကို ခပ်ဆတ်ဆတ်လေးရိုက်တော့

"အား နာလိုက်တာ... ဘွားကလည်း ရွယ်ကအိပ်ချင်သေးပါတယ်ဆိုမှပဲ..."

"ဘာကိုအိပ်ချင်တာလဲ?... နာရီလည်းကြည့်အုံး... ၈နာရီထိုးတော့မယ်... ညည်းကျောင်းမသွားတော့ဘူးလား....

ဘယ်နဲ့တော်... အသက်ကဖြင့် တက္ကသိုလ်ကျောင်းသူအရွယ်ရောက်နေပြီ... လူကတော့ခုထိကိုရင့်ကျက်မလာသေးဘူး...

ထဟယ်.... ထ... ထ... ကျောင်းသွားဖို့ပြင်... ဘွား မြေးစားဖို့ကောက်ညှင်းပြန်ပေါင်းကို ငါးခြောက်ဖုတ်လေးနဲ့ပြင်ထားတယ်..."

အစားသံကြားတာနဲ့ ယုန်လေးတွေလိုနားရွက်လေးကမထောင်ရုံတမယ်ဖြစ်သွားပြီး

"ဘွားကလည်း စောစောကပြောပါလား?... ရွယ်ကထမှာပေါ့လို့...ဟီးဟီး..."

အိပ်ယာကထ အဘွားဖြစ်သူပါးကိုရွှတ်ခနဲနမ်းပြီးရေချိုးခန်းထဲတန်းဝင်သွားလေတော့သည်

                                                       ***********

"ဟဲ့... ဟဲ့... ဒီကလေး ဖြည်းဖြည်းစားလေကွယ်... ရော့... ကော်ဖီသောက်..."

ဆံပင်ညိုညို ထူပွပွကောက်ကောက်လေးတွေကို နှစ်ဖက်ခွဲစီးကာ ပန်းရောင်ကာတွန်းအဆင် ဝမ်းဆက်လေးနဲ့ ကျောပိုးအိတ်လေးကိုလွယ်ထားသည့်ကောင်မလေးက ထိုင်ခုံတွင်မထိုင်နိုင်ပဲ စားပွဲပေါ်ကမုန့်တွေကိုကုန်းရုန်းစားနေလေသည်...

"မရတော့ဘူးဘွားရဲ့... နောက်ကျနေပြီ... တာတာ့နော်ချစ်တယ်"

ပါးတစ်ဖက်ကိုဖျက်ခနဲနမ်းသွားကာ အပြေးတပိုင်းထွက်သွားသော မြေးဖြစ်သူရဲ့ကျောပြင်ကိုကြည့်ရင်း ကျန်ခဲ့တဲ့အဖွားဖြစ်သူက ခေါင်းကိုတဖျတ်ဖျတ်ခါလို့.....
                                                       ***********

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now