အပိုင်း-၆၄(အပိုင္း-၆၄)

6K 102 0
                                    

#Unicode
📳📳📲 Vibrate~~~Deee~~~Dee

"ဘာလို့ခုမှဆက်တာလဲ?... အကုန်သေချာစီစဉ်ထားရဲ့လား?..."

"အဟက်... ဖုန်းဆက်တာကိုယ်ပါကွာ... မင်းပဲပြောနေတော့တာပဲ... အဲ့လောက်ထိစိတ်ပူမနေနဲ့... ကိုယ့်ကိုယုံလိုက်... ဟုတ်ပြီလား?"

"အင်း... နင့်ကိုယုံပါတယ်... ဒါပေမယ့် စိတ်လှုပ်ရှားနေတာကထိန်းလို့မရဘူး... အချိန်နီးလာလေလေ ငါရင်တုန်လေလေပဲ... သွေးပူပြီးလျှောက်လုပ်တုန်းကတော့အေးဆေး... အခုတော့ တဖြည်းဖြည်းချင်းပြန်စဉ်းစားရင်း တစ်ခုခုသာဆို ငါရှက်လို့သေမယ်ထင်တယ်"

"ဟားဟား... မသေရပါဘူးကွာ... အားလုံးအဆင်ပြေသွားလိမ့်မယ်...

အဲ့အခါကျမှ မင်းရင်တုန်ရုံတင်မကဘူး ရင်ပါခုန်သွားမှာ..."

"ဟင်?"

ပြောနေရင်းကနေ ခပ်တိုးတိုးရေရွတ်လိုက်တဲ့ လက်ယာစကားကိုရွယ်နားမလည်လို့ ပြန်မေးမိသည်...

"ဘာမှမဟုတ်ပါဘူး... အခုတောင်ဒီလောက်စိတ်လှုပ်ရှားနေတာ တကယ့်အချိန်ကျရင် မင်းအရမ်းရင်ခုန်နေမှာကိုယ်ကြိုမြင်နေလို့လေ... အဟွန်း...

အခု လှုတဲ့နေရာအကုန်ပြည့်သွားပြီလား?... ကိုယ်တို့အိမ်မှာအဝတ်အစားလာလဲနော်... ဒီမှာ ဂျိုးဆက် (Joseph) နဲ့ လင်း (Linh) တို့ရောက်နေပြီ... မင်းကိုစောင့်နေကြတယ်..."

"လင်းတို့ ရောက်နေကြပြီလား?... ငါတို့ အခုဂေဟာရောက်နေပြီ... လှုတာတွေကပြီးသွားပြီ... ကိုကိုက ဂေဟာမှူးနဲ့စကားပြောနေကြတုန်း ငါ နင်နဲ့ဖုန်းထွက်ပြောနေတာ... ဒါနဲ့ လက်ယာ... ငါ ကိုကို့ကိုတော့ dinnerအတွက်dressက လင်း ယူလာပေးမှာလို့ အရင်ကတည်းကပြောထားပြီးသား... ဒါပေမယ့် နင့်အိမ်အထိလာဝတ်ဖို့က......."

"ဘာမှမပြောဘူး... ဘုန်းငယ်ကိုခေါ်ပြီးလာခဲ့... ကိုယ်တို့စောင့်နေမယ်..."

ကာယကံရှင်ဖြစ်တဲ့ကိုကိုတောင် ဘာမှမသိသေးဘူး... သူက အရင်ကြိုသိနေသလိုပြောလိုက်တဲ့လက်ယာစကားကြောင့် ရွယ်စိတ်ထဲမတင်မကျလေး ဖြစ်သွားပေမယ့်

"အင်း... ဒါဆို ခဏနေရင်တွေ့မယ်..."

"မေမေ... ဒီမှာဘာလုပ်နေတာလဲ?... မေမေပဲလူတွေမြင်မှာစိုးတယ်ဆို... ဘာလို့အပြင်ထွက်နေရတာလဲ?..."

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now