အပိုင်း-၂၆(အပိုင္း-၂၆)

3.6K 89 0
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၂၆★

########(အတိတ်စာမျက်နှာ ၂)

"ဟေ့ကောင်တွေ.... ဆူးခက်နွယ်တို့ပါလား?... ဇွဲနေ မင်းဖိတ်ထားတာလား?"

"အေးလေ... ဘယ်လိုလဲ?... ငါ့ရဲ့အထူးဧည့်သည်တော်လေးတွေကလန်းရဲ့လား?... မာန်?... မင်းရောစိတ်တိုင်းကျသွားပြီလား?"

"မဆိုင်လိုက်တာကွာ... မင်းတို့ပြောတော့ ဒီပွဲက ငါတို့Batchတွေအတွက် သီးသန့်ဆို... နွယ်ကငါတို့ကျောင်းကတောင်မဟုတ်တာ...."

"ငါတို့ကျောင်းကမဟုတ်ပေမယ့်... သူ့သူငယ်ချင်းကငါ့ညီမဝမ်းကွဲဆိုတာလည်းမမေ့ကြနဲ့အုံး... ပြီးတော့ မာန်... မင်းကလည်းအေးစက်လိုက်တာ... မင်းနဲ့နွယ်ရဲ့ကြားမှာဘာလိုလိုလေးတွေရှိတာငါတို့သိပါတယ်နော်"

"မဟုတ်သေးပါဘူးကွာ... ငါနဲ့ဘာမှမဆိုင်....."

မာန်အပြီးသတ်ငြင်းဖို့စဉ်းစားနေတုန်းမှာပဲ သူတို့ဘက်ကိုလျှောက်လာတဲ့ဆူးခက်နွယ်တို့လေးယောက်ကိုသတိထားကြည့်နေတဲ့ဝေယံက အချက်ပြတာကြောင့် ပြောနေတဲ့စကားကိုရပ်လိုက်ရသည်

"ကိုမာန်တို့... ရောက်နေတာကြာပြီလား?... နွယ်တို့နည်းနည်းလေးနောက်ကျသွားသလားလို့"

နွယ်ကဦးတည်ပြီးပြောတာသူ့ကိုဆိုပေမယ့် ဇွဲနေကပဲ

"နောက်မကျပါဘူး... အခုမှအချိန်ကိုက်... VVIPဆိုတာဒီလိုမျိုးအားလုံးစုံမှထွက်လာလေပိုကောင်းလေပဲ"

"ဟင်းဟင်း... ကိုဇွဲနေကတော့နောက်ပြီ"

"ဟွန့်... ငါ့အစ်ကိုတို့များ... ကိုယ့်ညီမတစ်ယောက်လုံးအကောင်လိုက်အရှေ့မှာရပ်နေတာတောင်နှုတ်ဆက်ဖော်မရပါလားနော်"

"သရဖီ...  နင်တော့နာတော့မယ်... ငါကနင့်ကိုဘာလုပ်ရမှာလဲ?... နင်ကဧည့်သည်မို့လို့လား?..  ဒါနဲ့ဒီကညီမလေးကဘယ်သူများလဲ?...  တစ်ခါမှမမြင်ဖူးဘူးနော်"

"ဪ... နွယ်မိတ်ဆက်ပေးဖို့မေ့နေတာ... ဒါကနွယ့်သူငယ်ချင်း... နာမည်က ယမင်းဖြူတဲ့... ဆေး တက်နေတာ"

"ယမင်း...  ဒါကကိုမင်းစက်မာန် ဒါကကိုဝေယံ ဒါကကိုမင်းနောင် ဒီဘက်ကကိုဇွဲနေ ဒါကတော့ကိုစိုးနိုင်... အကုန်လုံးEcoနဲ့ကျောင်းပြီးထားကြတာ"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now