အပိုင်း-၄၄(အပိုင္း-၄၄)

4.1K 84 2
                                    

#Unicode
"ဘွားနု... မေမေရော... ပြီးတော့ဘွားရော... လာမစားကြဘူးလား?.. ကျွန်တော်သွားခေါ်အုံးမယ်"

"အို... ဘုန်းငယ်လေး... နေပါအုံး... မမလေးကနေမကောင်းလို့အခန်းထဲမှာပဲစားတော့မယ်တဲ့... နွယ်လေးကလည်းညကအိပ်တာနောက်ကျလို့ထင်ပါရဲ့... အခုခေါင်းကိုက်လို့ပြန်အိပ်မှာမို့နောက်မှစားတော့မယ်တဲ့....လူကြီးတွေနားပါစေ... ဘုန်းငယ်လေးပဲစားလိုက်တော့နော်"

"တော်ပါပြီဘွားနု... အိမ်မှာဘယ်သူတွေဘယ်လောက်ပဲအလုပ်များများ အမြဲစည်းစည်းလုံးလုံးသိုက်သိုက်ဝန်းဝန်းရှိခဲ့တဲ့ထမင်းစားပွဲမှာ ဘယ်သူမှမရှိပဲကျွန်တော်တစ်ယောက်တည်းထိုင်စားလည်းမျိုကျမှာမဟုတ်ပါဘူး... ကျွန်တော်အပြင်သွားတော့မယ်... မေမေတို့ဘွားတို့မေးရင်ပြောလိုက်ဗျာ"

ဘေးကအကူအစ်မတစ်ယောက်ကို

"ဦးကြည်ကိုကျွန်တော်သွားတော့မယ်လို့ပြောပေးပါအစ်မ"

"ဟယ်... တစ်ခုခုတော့စားသွားပါကလေးရယ်... အဲ့လိုကြီးတော့လျှောက်ထွက်မသွားပါနဲ့"

"တော်ပြီဘွားနု... ကျွန်တော်စားချင်စိတ်လည်းမရှိတော့ပါဘူး... လျှောက်သွားတာလည်းမဟုတ်ပါဘူး... ဒီနေ့သင်တန်းစတက်ဖို့ရှိလို့အဲ့ဒါကြောင့်ပါ"

ဘွားနုကိုရှင်းပြပြီးတာနဲ့ထမင်းစားခန်းထဲကထွက်လာပြီး အခန်းထဲကအိတ်ကိုယူကာထွက်လာလိုက်တော့သည်

ပေါ်တီကိုရှေ့မှာအဆင်သင့်ရပ်ထားတဲ့ကားပေါ် စွေ့ခနဲဝင်ထိုင်လိုက်တော့ ဦးကြည်က

"ဘုန်းငယ်လေး... ဟိုတစ်နေ့ကသွားအပ်တဲ့သင်တန်းကိုပဲသွားမလား?"

"ဟုတ်တယ်ဦးကြည်"

ဦးကြည်ကိုပြန်ဖြေပြီးတာနဲ့ဆိုဖာကျောမှီမှာခေါင်းကိုလှန်ချလိုက်ပြီးမျက်ဝန်းအစုံကိုဖိမှိတ်လိုက်သည်

အခုတော့အမြဲတမ်းအေးချမ်းပျော်ရွှင်နေခဲ့တဲ့မာန်စံအိမ်ကြီးဟာ အိမ်ကြီးရှင်သခင်တို့ရဲ့စိုးရိမ်ပူပင်မှုတွေ သောကဗျာပါဒတွေနဲ့မအေးချမ်းနိုင်တော့ပါလား...

ဖေဖေနဲ့သူစကားမပြောတာဟိုသတင်းတွေကြောင့်ပြဿနာတွေစတက်တဲ့နေ့ကတည်းကဆိုတော့ အခုဆိုရင်၃ရက်ရှိပြီ...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now