အပိုင်း-၅၆(အပိုင္း-၅၆)

5.1K 89 0
                                    

#Unicode

📱"အကုန်လုံးစီစဉ်ထားတဲ့အတိုင်းဖြစ်သွားပါပြီ Boss ... ပုံတွေကလည်း လွန်ခဲ့တဲ့၁၅မိနစ်လောက်ကတည်းက တောက်လျှောက်ပြန့်နေပါပြီ... ပြီးတော့ ဟိုဘက်ကသတင်းတွေလည်းအကုန်နီးပါးဖြန့်ပြီးနေပါပြီ... "

"အင်း... အချက်အလက်တွေအကုန်စုပြီးအပ်လိုက်တော့... ငါခဏနေရင်ထွက်လာမယ်..."

"ဟုတ်ကဲ့ Boss"📱

"ကိုကို... "

ခေါ်သံလေးနဲ့အတူ သူ့ဘေးရောက်လာတဲ့ခန္ဓာကိုယ်သေးသေးလေးကြောင့် မာန်တင်းမာနေတဲ့မျက်နှာထားကိုအရင်ပြင်ရသည်... ပြီးတာနဲ့လက်တစ်ဖက်ကိုဆန့်လိုက်ပြီး သူထိုင်နေတဲ့ဘေးမှာလာရပ်တဲ့သူမလေးကို ခါးကနေဆွဲလိုက်ကာ သူ့ပေါင်ပေါ်မှာဘေးတိုက်ထိုင်လျက်သားလေးဖြစ်အောင်လုပ်လိုက်သည်...

"ကိုကို့!..."

ရုတ်တရက်ကြီးဖြစ်သွားတဲ့သူ့အပြုအမူ‎ကြောင့် သူမဆီမှအလန့်တကြားအော်သံလေးထွက်လာသလို သူ့လည်ပင်းကိုလည်းသူမလက်လေးတွေကသိုင်းဖက်လာသည်... ပြီးမှအလန့်ရှိန်ပြေသွားပုံရတဲ့သူမလေးက သူ့ပေါ်ကနေထဖို့လုပ်တော့သည်... မာန်ကလွှတ်မပေးပဲပိုပြီးခပ်တင်းတင်းဆွဲချုပ်ထားတော့ သူမက ခါးပေါ်ကမာန့်လက်ကိုမရမကအတင်းဆွဲခွာပြီး

"ကိုကို... ဘာလုပ်တာလဲ?... ရွယ့်ကိုလွှတ်ပေး... တော်ကြာသားရောက်လာလိမ့်မယ်... ကိုကို့!"

သူမ ဖြစ်ချင်သလိုဖြစ်မလာတော့ အသံလေးကအစဆူဆောင့်သလိုလေးဖြစ်လာပြီး သူ့ကိုမကြည်ကြည့်နဲ့စိုက်ကြည့်သည်

ဆံပင်အရှည်ကြီးကိုအခုလည်းစုထုံးတင်ထားပြီး အနည်းငယ်ဘေးပြဲချင်တဲ့ ရှေ့နောက်Vသဏ္ဍာန်လည်ပင်းပုံစံအင်္ကျီလေးကိုဝတ်ထားတော့ ရှင်းလင်းနေတဲ့လည်တိုင်နဲ့ညှပ်ရိုးနေရာလေးတွေ ဖြူဝင်းနေတဲ့ကျောပြင်လေးနဲ့သွေးကြောစိမ်းလေးတွေယှက်ဖြာနေတဲ့ဂုတ်သားလေးတွေကြောင့်သူ့စိတ်ကယိုင်ချင်ချင်ဖြစ်နေရတဲ့ကြားထဲ နှုတ်ခမ်းဖူးဖူးလေးကိုစူပြီး သူ့ကိုဒေါသထွက်လာသလိုစိုက်ကြည့်နေတဲ့ပုံစံလေးက ဘယ်လောက်အသည်းယားကောင်းနေမှန်းသူမကိုယ်သူမသိရဲ့လားတောင်မသိပါ...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora