အပိုင်း-၆၁(အပိုင္း-၆၁)

5.2K 85 1
                                    

#Unicode
"ဘွားကိုခွင့်လွှတ်ပေးလို့ကျေးဇူးပါမြေးရယ်... ဘွားအမှားတွေအတွက်မြေးကိုတကယ်တောင်းပန်ပါတယ်"

ကုတင်ပေါ်မှာပက်လက်လှဲနေလျက် သူ့လက်လေးကိုကိုင်ပြီး မျက်ရည်စမ်းစမ်း စမ်းစမ်းနဲ့ရှိနေတဲ့ဘွားက သူအခန်းထဲကိုဝင်လာကတည်းကတောက်လျှောက် တောင်းပန်စကားပဲပြောနေခဲ့သည်... မတွေ့ရတဲ့ရက်အတွင်းမှာ စိတ်ရောလူပါအခြားလူတစ်ယောက်လို အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ဘွားကို ကြည့်ရင်း ဘုန်းငယ်နောင်တရမဆုံးတော့ပါ...

တကယ်ဆို သူဘွားကိုခွင့်မလွှတ်နိုင်လောက်တဲ့အထိဘယ်တုန်းကမှအပြစ်မတင်ခဲ့ပါ... ပြဿနာတွေဖြစ်ဖြစ်ချင်းက ဘွားကိုပစ်ပယ်သလိုဖြစ်ခဲ့တာက ဘွားအပေါ်စိတ်ဆိုး စိတ်နာလို့မဟုတ်ပဲ သူကိုယ်တိုင်က ဘယ်သူနဲ့မှစကားမပြောချင်ခဲ့လို့... နောက်မေမေ ဖေဖေတို့နဲ့အတူသွားနေဖြစ်တဲ့အချိန်မှာလည်း မေမေ့ကိုစိတ်ပူတာရယ် မေမေစိတ်ချမ်းသာဖို့အတွက်ရယ်ပဲ ခေါင်းထဲရှိခဲ့တော့ ဘွားကိုသူလုံးဝပစ်ထားလိုက်မိသည်...

ဘွား သူတို့သားအဖကိုတောင့်တမျှော်လင့်နေမယ်ဆိုတာသိပေမယ့် မေမေရယ်ဖေဖေရယ် သူတို့မိသားစုလေးလုံးဝနေသားကျသွားမှ ဘွားဆီပြန်လာမယ်လို့စဉ်းစားထားခဲ့တာ... အခုတော့ သူတို့သားအဖမရှိတဲ့ခဏတာအချိန်လေးမှာ ဘွားကလုံးဝကိုသနားစရာကောင်းနေခဲ့သည်...

ဒါတွေဟာ သူ့အပြစ်တွေပါ... ဖေဖေဘွားကိုစိတ်ဆိုးနေမှန်းသိရက်နဲ့ သူကပါဖေဖေနဲ့အတူ ဘွားကိုပစ်ပယ်လိုက်မိတာ... ပြီးတော့ အကယ်၍ ဖေဖေကဘွားကိုပစ်ထားသလိုဖြစ်နေရင်တောင် ဘွားဘာဖြစ်နေတယ်ဆိုတာကိုသိရအောင် အမြဲတမ်းနားစွင့်နေခဲ့သူ... သူကတော့ဘွားကိုလုံးဝမေ့လျော့နေခဲ့သည်မဟုတ်ပါလား?...

"သားကိုမတောင်းပန်ပါနဲ့ဘွားရယ်... တကယ်ဆို သားကတောင် ဘွားကိုပြန်တောင်းပန်ရမှာ... ဘွားအခုလိုနေမကောင်းဖြစ်နေတဲ့အချိန်မှာ ဘွားအနားမှာပြုစုပေးဖို့ပျက်ကွက်ခဲ့တာလေ... အဲ့ဒါကြောင့် သားကိုမတောင်းပန်ပါနဲ့နော်...

ပြီးတော့ သားကတိပေးပါတယ်... အခုကစပြီး ဘွားအနားမှာပဲနေပြီးဘွားကိုဂရုစိုက်ပေးမယ်.. မေမေနဲ့ဖေဖေ့ကိုလည်း ဘွားအနားကနေဘယ်မှထွက်မသွားအောင်သားပြောပေးပါ့မယ်... အဲ့ဒါကြောင့် ဘွားကျန်းမာအောင်နေပါနော်... သားတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင်နေကြမယ်လေ... နော် ဘွား"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora