အပိုင်း-၅၂(အပိုင္း-၅၂)

5.1K 104 15
                                    

#Unicode

📱"ဟင့်အင်း... မလာနဲ့... ကျေးဇူးပြုပြီးဒီကိုမာမီတို့လုံးဝမလာခဲ့ပါနဲ့... ပြီးတော့မာမီတို့ဘယ်လိုပြောပြောနွယ်ဒီအိမ်ကနေဘယ်မှမသွားဘူး..."

"မိနွယ်... ညည်းရူးမိုက်မနေနဲ့တော့...  အားလုံးကလွန်ကုန်ပြီ... ပြီးတော့ညည်းကိုဒီနေ့ကွာရှင်းဖို့ မင်းစက်မာန်ကအကုန်စီစဉ်ပြီးနေပြီဟဲ့... ခဏနေရင်အဲ့ဒီကိုသူ့ရှေ့နေတွေတောင်ရောက်လာတော့မယ်ထင်တယ်... ဘာမှပြောမနေနဲ့... မာမီအခုလာနေပြီ... လက်ရှိအခြေအနေကိုသဘောပေါက်စမ်းပါသမီးရယ်..."

"ဟင့်အင်း... မကွာရှင်းဘူး... လုံးဝမကွာရှင်းဘူး... နွယ့်ဘာသာနွယ်ကြည့်ရှင်းပါ့မယ်... မာမီတို့သာမလာခဲ့ပါနဲ့... တကယ်ဆိုအားလုံးကမာမီတို့ကြောင့်ဖြစ်ရတာ... ဒယ်ဒီ့လောဘတွေကြောင့်... ကိုကမာမီတို့ကိုမြင်မှပိုဆိုးမှာ... အဲ့တော့မှနွယ့်ကိုတကယ်ထားသွားမှာ... မလာကြနဲ့... ဘယ်သူမှမလာကြနဲ့........"

"ဟဲ့... နွယ်........................."📱

နွယ်ဖုန်းကိုချက်ချင်းချပစ်လိုက်ပြီးအိပ်ယာပေါ်မှကယောင်ကတမ်းထရပ်လိုက်သည်

'မာမီပြောသလို ကိုကနွယ့်ကိုကွာရှင်းမယ်ဆိုတာမဖြစ်နိုင်ပါဘူး... ဟိုတစ်နေ့ပြဿနာရှာသွားပြီးကတည်းက အခုချိန်ထိ နွယ့်နဲ့ပတ်သက်ပြီးဘာမှမလှုပ်ရှားသေးတဲ့ကိုကဘယ်လိုလုပ်ပြီးနွယ့်ကိုကွာရှင်းမှာလဲ?... လုံးဝမဖြစ်နိုင်ဘူး... ဟိုတစ်နေ့ကသွေးပူပြီးဒေါသထွက်တုန်းခဏပြောသွားတာပါ.. အနည်းဆုံးတော့သားကိုသိပ်ချစ်တဲ့ ကို က သားအတွက်ငဲ့ပြီးနွယ့်ကိုခွင့်လွှတ်ပေးမှာပါ... သားကနွယ့်ကိုဒီလောက်ချစ်တာ... ဒီကိစ္စတွေကြောင့်သားနာကျင်ရမယ့်အဖြစ်ကိုတော့ကိုက အဖြစ်ခံမှာမဟုတ်ပါဘူး... နွယ့်ကိုသေချာပေါက်ခွင့်လွှတ်ပေးမှာ'

📲📱📳Vibrate~~~Deee~~~Deee

'ဘုတ်'

လက်ထဲမှာရုတ်တရက်ထမြည်လာတဲ့ဖုန်းသံကြောင့်နွယ်လန့်သွားပြီး ဖုန်းကိုလွှတ်ချလိုက်မိတော့ ဘေးကအိပ်ယာပေါ်ဖုန်းပြုတ်ကျသွားသည်

အိပ်ရာပေါ်ကဖုန်းကိုစိတ်ပျက်စွာလှမ်းကြည့်လိုက်တော့ 'ယမင်း'

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now