အပိုင်း-၆၅(အဆုံးသတ်)အပိုင္း-၆၅(အဆုံးသတ္)

18.2K 232 47
                                    

#Unicode
🚪'ဒေါက်' 'ဒေါက်' 'ဒေါက်'

🚪'ကျွီ'

နွယ် အခန်းထဲမှာပြင်ဆင်စရာရှိတာတွေပြင်ဆင်နေတုန်း အခန်းတံခါးဖွင့်ဝင်လာတဲ့မာမီ... မာမီကဆိုဖာမှာဝင်ထိုင်လိုက်ပြီး ကုတင်ဘေးမှာမတ်တပ်ရပ်၍ ပစ္စည်းအချို့လက်ဆွဲအိတ်ထဲထည့်နေတဲ့နွယ့်ကို

"သမီး... အဆင်သင့်ဖြစ်ပြီလား?... ထိုင်ပါအုံး...   မာမီတို့စကားပြောရအောင်.."

နွယ်လည်းလိုအပ်တာတွေအကုန်ပြည့်စုံနေပြီဆိုတော့ အိတ်ကိုပိတ်၍ အထုတ်ပြင်ခြင်းကိုလတ်စသတ်လိုက်ကာ မာမီရှေ့မှာဝင်ထိုင်လိုက်သည်... နွယ် မာမီ့ရှေ့မှာဝင်ထိုင်ပြီးတာတောင် ဘာတစ်ခွန်းမှမပြောသေးပဲ နွယ့်မျက်နှာကိုစူးစိုက်ကြည့်၍ တစ်ခုခုကိုအဖြေရှာနေတဲ့မာမီ့ကြောင့် နွယ်ပြုံးလိုက်မိသည်...

"နွယ်အဆင်ပြေပါတယ် မာမီ... တကယ် အဆင်ပြေတာပါ... နွယ် ခံနိုင်ရည်ရှိနေပါပြီ"

"မာမီ့ရှေ့မှာတော့ ကြိုးစားပြီးအားတင်းမနေပါနဲ့သမီးရယ်... မာမီ့ကို သမီးရင်ထဲကဒဏ်ရာတွေအကုန် ဖွင့်ပြလို့ရပါတယ်... မာမီတို့ရဲ့မိုက်ပြစ်တွေကြောင့်ရခဲ့တဲ့ သမီးလေးရဲ့နာကျင်မှုတွေကို မာမီကုစားပေးပါရစေ... ဖြစ်နိုင်ရင် မာမီ့အနားကနေဘယ်မှထွက်မသွားပါနဲ့လား... သမီးဒယ်ဒီကလည်းဒီတစ်သက်မာမီတို့အနားကိုပြန်လာဖို့ဆိုတာ မျှော်လင့်ချက်တောင်ရှိသေးရဲ့လားမသိတော့တဲ့အခြေအနေမှာ သမီးကပါ မာမီ့ကိုထားပြီး ထွက်သွားမယ်ဆိုရင် မာမီ... မာမီတော့........"

ပြောရင်း ငိုချလိုက်တဲ့မာမီလက်လေးကို နွယ်ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းပေါ်ကအပြုံးတွေကိုဆက်လက်ဖြစ်တည်စေလျက် မေမေ့ကိုကြည့်၍

"နွယ့်ကိုမယုံဘူးလားမာမီ... နွယ် တကယ်ပြောတာပါ... နွယ် အဆင်ပြေပါတယ်... မာမီ နွယ့်အပေါ်မှာအပြစ်ရှိသလိုခံစားနေရတယ်ဆိုတာ... နွယ် ပျော်ရွှင်နေတာကိုအမြင်ချင်ဆုံးဆိုတာ... နွယ့်အနားမှာနေပြီး နွယ့်ကိုဂရုစိုက်ပေးချင်တာ... ဒါတွေကို နွယ်သိပါတယ်... ပြီးတော့ ပြဿနာတွေအများကြီးကို တောက်လျှောက်ရင်ဆိုင်နေရတဲ့အခုလိုအချိန်မှာမှ မာမီ့ကိုရော ဒယ်ဒီကိုပါထားခဲ့ပြီး အဝေးတစ်နေရာကိုထွက်သွားဖို့ဆုံးဖြတ်လိုက်တာ နွယ်ဘယ်လောက်ထိတစ်ကိုယ်ကောင်းဆန်သွားမှန်းလဲ နွယ်သိတယ်...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora