အပိုင်း-၂၄(အပိုင္း-၂၄)

3.5K 92 0
                                    

#Unicode
"ဖေဖေ... Companyသွားမလို့လား?"

"မဟုတ်ဘူးသား... ဖေဖေ ပြည်လမ်းက Mallဘက်သွားမှာ... သားဘာလိုချင်လို့လဲ?"

"လိုချင်တာတော့မရှိပါဘူး... ဒါပေမယ့်သားလည်းအဲ့ mall ကိုပဲသွားမှာ...
ဖေဖေနဲ့အတူလိုက်ချင်တယ်... ရလားဖေဖေ?"

အိမ်ပြန်ရောက်သည့်နေ့ကတည်းကခုချိန်ထိအချိန်ပိုင်းလောက်သာ companyသွားဖြစ်ပြီးကျန်အချိန်တွေအိမ်မှာအမြဲနေဖြစ်နေတဲ့မာန်တစ်ယာက် ခုလည်းနေ့လည်မှအပြင်ထွက်ဖို့ပြင်နေတုန်းသားကလာပြောနေတော့...

"လိုက်ခဲ့လေ... သားကအခုသွားတော့မှာလား?"

"ဟုတ်တယ်ဖေဖေ... အစကဦးကြည်ကိုပို့ခိုင်းဖို့လုပ်ထားတာ... ဖေဖေထွက်လာတာတွေ့လို့"

"အင်း...  ဒါဆိုလည်း တက်... သွားမယ်"
                              *********

📱"ငါထွက်လာပြီ... မင်းတို့ရော?"

"................"

"ဟုတ်လား?... ဒါဆိုအန်တီလေးပါရောက်နေပြီပေါ့"

".................."

"Ok... ငါရောက်ရင်ဖုန်းဆက်လိုက်မယ်"

"................."

"မင်းတို့ဗိုက်ဆာရင်အရင်သွားစားလေ... ငါအိမ်က စားလာတယ်"

"..............."

"သေဘာပဲ... Ok"

ဖုန်းပြောနေတဲ့သားကို ကားမောင်းရင်းသူနားစွင့်နေမိသည်

ပြောနေရင်းသားစကားထဲက အန်တီလေး ဆိုတာပါလာမှ သူဒီရက်ပိုင်းအလုပ်တွေဆက်တိုက်ရှုပ်နေတာနဲ့တေဇကိုစုံစမ်းခိုင်းထားပြီးလှည့်မကြည့်နိုင်သေးတဲ့ အမျိုးသမီးအကြောင်းကိုသွားသတိရမိသည်

မာန် သားဘက်တစ်ချက်ကြည့်လိုက်တော့ဖုန်းပြောပြီးလို့သူ့ဘက်လှည့်လာတဲ့သားနဲ့အကြည့်ချင်းသွားဆုံသည်
မီးပွိုင့်မိနေတဲ့အချိန်ဆိုတော့သူဒီအတိုင်းဆက်ကြည့်နေလိုက်ပြီး

"သားဒီနေ့သူငယ်ချင်းတွေနဲ့သွားတွေ့မှာလား?"

"ဟုတ်... ဒါပေမယ့်သူငယ်ချင်းတွေအပြင်ခြူးအဒေါ်လည်းပါတယ်"

"ဪ... သူကခြူးကိုလိုက်ပို့တာလား?"

"အဲ့လိုမဟုတ်ဘူးဖေဖေ... အန်တီလေး အာ... ခြူးအဒေါ်ကသူ့ဟာသူသက်သက်နေတာ... အခုကခြူးတို့တူအရီးတွေdateတာကိုသားတို့ကလိုက်ရှုပ်တာ"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Hikayelerin yaşadığı yer. Şimdi keşfedin