အပိုင်း-၅၈(အပိုင္း-၅၈)

4.8K 85 1
                                    

#Unicode
"သားမာန်... ပြန်လာပြီလား?"

"ရွယ်နဲ့သားရော ဒေါ်လုံး?"

"ရှိတော့ရှိတယ်... ဟိုကလေးမလေးပြန်သွားပြီးကတည်းက ကလေးကသူ့အခန်းထဲဝင်သွားတာ... ရွယ်လေးကလည်းသားတို့အခန်းထဲမှာပဲ တောက်လျှောက်ရှိနေတာ... သားအမိနှစ်ယောက်လုံးအခုချိန်ထိထွက်မလာကြဘူး"

"သားနဲ့ဟိုတစ်ယောက်စကားပြောတော့ အနားမှာရွယ်မရှိဘူးမလား?"

"ဟို............."

"ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြောပါဒေါ်လုံး... အိမ်မှာဒီနေ့ဘာဖြစ်သေးလဲ?"

"ဒီလိုသားမာန်ရဲ့... ကလေးတို့စကားပြောတာကတော့ခြံအပြင်မှာပဲ... ဒါပေမယ့်တိုက်တိုက်ဆိုင်ဆိုင် အဲ့အချိန်မှာမှရွယ်လေးကခြံထဲဆင်းလာတော့လေ... ဒါပေမယ့် ကလေးခြံထဲဝင်မလာခင်မှာ ရွယ်လေးကအိမ်ထဲပြန်ဝင်သွားတာဆိုတော့ ရွယ်လေးသိသွားတာကို ကလေးမသိဘူး... "

'ကျစ်' "ကျွန်တော်သိပြီ... ကျွန်တော်မရှိတဲ့အချိန်မှာသားနဲ့ရွယ့်ကိုစောင့်ရှောက်ပေးထားတဲ့အတွက်ကျေးဇူးပါပဲ ဒေါ်လုံး..."

"အို... မလိုပါဘူးကွယ်... သားမာန်တို့ကဒေါ်လုံးတို့ရဲ့ကလေးတွေပဲကို"

ဒေါ်လုံးရဲ့စကားကြောင့်မာန်ပြုံးလိုက်ပေမယ့် စိတ်ထဲမှာတော့အရမ်းကိုလေးလံနေသည်... သူဟိုမှာ ဦးနိုင်လင်းထွန်းနဲ့ကိစ္စတွေကို ရှင်းနေတုန်း ရှေ့နေကြီးဆီက ဆူးခက်နွယ် စာရွက်စာတမ်းတွေယူပြီး အိမ်ကထွက်သွားသည်ဆိုပြီး အကြောင်းကြားလာသည်... ထိုစကားကိုကြားလိုက်ကတည်းက ဆူးခက်နွယ်ဘယ်သွားတယ်ဆိုတာကိုသူသိလိုက်သည်... သို့သော် တစ်ဖက်မှာလည်း ကိစ္စတွေက တစ်ခါတည်းအပြတ်မရှင်းရင် အချိန်တွေကြာပြီး ထပ်၍ပေရှည်သွားနိုင်သည်...

သူ့အနေနဲ့ဒီအရှုပ်ထုပ်တွေကိုအမြန်ရှင်းပြီးမှသာ ရွယ်နဲ့သားအတွက်သေချာအချိန်ပေးနိုင်မည့်အပြင်... ရွယ့်အတွက်သူ့မှာတခြားစီစဉ်စရာတွေလည်းရှိနေသေးတော့ သူဒီကိစ္စတွေအတွက် နောက်ထပ်အချိန်မပေးချင်တော့... ထို့ကြောင့် သားနဲ့ရွယ့်ကိုစောင့်ရှောက်ထားဖို့ မင်းနောင်ကိုလှမ်းအကူအညီတောင်းပြီးဒီကိုလွှတ်လိုက်သည်...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now