အပိုင်း-၂၈(အပိုင္း-၂၈)

3.7K 78 0
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၂၈★

#######(အတိတ်စာမျက်နှာ ၄)

'အင့်... ဟင့်.... ဟင့်... ဟင့်'

သူကိုကျောပေးထားလျက်
ရှိုက်သံလေးတွေထွက်လာလိုက် ခြုံစောင်အောက်မှာတစွန်းတစထွက်နေတဲ့ပုခုံးစွန်းလေးတွေ ကျောပြင်သေးသေးလေးတွေလှုပ်ခါသွားလိုက်နဲ့ တသိမ့်သိမ့်ရှိုက်ငိုနေသောသူမကြောင့် မိုးသာလင်းသွားသည်မာန်ခုထိမအိပ်ရသေး

သူမအပေါ်မှာစိတ်ရှိသလိုအနိုင်ယူကာအချစ်တွေဖွင့်ချပြီးသည့်နောက်မှာတော့ ပင်ပန်းစွာအနားယူနေတဲ့ခန္ဓာကိုယ်လေးကိုရင်ထဲပွေ့ပိုက်ထားလျက်နဲ့ပင် တစိမ့်စိမ့်ထိုင်ကြည့်နေခဲ့တာသူမလေးနိုးလာပြီးသောင်းကျန်းတဲ့အထိ

ခုတော့သူ့ဘက်တောင်လှည့်မကြည့်နိုင်လောက်တဲ့အထိသူ့ကိုစိတ်ဆိုးနေကာ ငိုနေလိုက်တာဆိုတာဟာလည်းမျက်ရည်တွေခုထိမခမ်းသေးဘူးလားလို့တောင်မေးလိုက်ချင်သည်

မာန်သူမကိုယ်လေးပေါ်ကနေအုပ်မိုးလိုက်ကာခေါင်းအုံးနဲ့အတင်းဖိကပ်ထားသောမျက်နှာလေးကိုဆွဲလှည့်ဖို့ပြင်တော့သူ့ကို သူမတစ်ကိုယ်လုံးမှာရှိသမျှအားအကုန်သုံးပြီးတွန်းထုတ်လေသည်

မာန်ကဘာမှမဖြစ်ပေမယ့်အတင်းထုရိုက်နေသောသူမလက်လေးတွေနာမှာစိုးတာကြောင့်

သူမအနောက်မှာပဲသူမတစ်ကိုယ်လုံးသူ့ရင်ခွင်ထဲထိုးဖောက်ဝင်လို့ရလောက်တဲ့အထိအနီးကပ်ဆုံးအနေအထားနဲ့ပဲသူမခါးလေးကိုလက်တစ်ဖက်နဲ့သိမ်းဖက်ထားလိုက်တော့သည်

သူမနဲ့သူရဲ့အရပ်ကွာဟချက်ကြောင့်အပေါ်ကနေငုံ့မိုးကြည့်နေရသလိုဖြစ်နေတာမို့ သူ့ရှပ်အင်္ကျီခပ်ပွပွအောက်မှာ လှမ်းမြင်နေရတဲ့ပုခုံးစွန်းလေးတွေ လည်တိုင်လေး နဲ့ ရင်ညွှန့်လေးတွေပေါ်ကသူ့ကြောင့်ဖြစ်တည်နေတဲ့အမှတ်အသားလေးတွေပေါ်မှာပဲထပ်ကာထပ်ကာဖိနမ်းနေမိသည်

သူမလေးကတော့ သူဖက်ထားတဲ့အတိုင်းပြန်မတုန့်ပြန်တော့ပဲငြိမ်ငြိမ်လေးရှိနေပြီးမှ

"အိမ်ပြန်မယ်... ပြန်ပို့ပေး"
ရှိုက်သံတွေရပ်စဲသွားမှထွက်လာတဲ့အေးစက်စက်အသံလေး

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now