အပိုင်း-၂ (အပိုင္း-၂)

7K 180 0
                                    

#Unicode
                   🌛လရိပ်ဘယ်ဆီ🌜

                         ★အပိုင်း ၂★

#ဆူးခက်နွယ်
လှပလွန်းတယ် ဆိုတာထက်ကိုကျော်လွန်တယ်... အလှနတ်ဘုရားမတစ်ပါးလို ပြီးပြည့်စုံလွန်းပေမယ့် ရိုးအေးတဲ့နေပုံထိုင်ပုံ, ဝတ်ပုံစားပုံတွေကြောင့် မြင်သူတိုင်းရင်ကိုအေးမြစေတယ်...
နွေးထွေးတဲ့နှလုံးသားနဲ့ ကြင်နာတတ်တဲ့အပြုအမူတွေကြောင့် လူတိုင်းရဲ့ချစ်ခင်မှုကိုပိုင်ဆိုင်ထားရတယ်...
အရာရာကို အေးချမ်းစွာဖြေရှင်းတတ်ကာ သူမခေါင်းထဲမှာ မိသားစု အတွက်ဆိုတာပဲရှိပြီး, သူမရင်ထဲမှာတော့ သူ့အတွက်ဆိုတာပဲ ရှိတယ်...

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ဘုရားပေါ်မှဆည်းလည်းသံလေးတွေ, ကြေးစည်သံလေးတွေ, ခေါင်းလောင်းသံလေးတွေက စိတ်ကိုအေးချမ်းဖွယ်ကောင်းလွန်းလှသည်... ရှေ့မှာသွားနေတဲ့ကိုရယ်, သားရယ်, မေမေရယ် သုံးယောက်လုံးကိုကြည့်ပြီး နွယ့်ရင်ထဲမှာလည်းအေးချမ်းမှုအပြည့်...

'ကို' ဟာ ဆယ်ကျော်သက်အရွယ် လူပျိုပေါက် သားတစ်ယောက်အဖေ, အသက်သုံးဆယ်ကျော်လူလတ်ပိုင်းအရွယ် ယောကျာ်းတစ်ယောက်ဖြစ်သော်လည်း လူငယ်တစ်ယောက်လိုနုပျိုချောမောခန့်ညားနေဆဲ...

သားရဲ့ ကြီးကောင်ဝင်လာပြီဖြစ်သဖြင့် တဖြည်းဖြည်းဖွံ့ဖြိုးလာတဲ့ခန္ဓာကိုယ်က ကို့ကိုတော့မမီသေးပါ... ဒါပေမယ့် ကို့ပုခုံးလောက်နီးနီး ရောက်နေပြီဖြစ်သောအရပ်အမောင်း, ကိုနဲ့တစ်ပုံစံတည်း ပန်းပုထုထားသလိုဖြစ်နေသောမျက်နှာအချိုးအစားတို့ကြောင့် အဖေတူသားပီသစွာဆွဲဆောင်မှုကတော့အပြည့်...

ခုလို မိသားစုစုံစုံညီညီနဲ့အတူရှိကြတိုင်း နွယ့်ရင်ထဲမှာ ဝမ်းသာမှုကအတိုင်းမသိ... နွယ့်အတွက်တော့ ဒီလိုအချိန်လေးတွေက ကိုနဲ့အတူရှိခွင့်ရတဲ့ တန်ဖိုးဖြတ်မရသောအချိန်လေးတွေပင်ဖြစ်သည်... နွယ်တို့အိမ်ထောင်ကျပြီးခါစ ကို့ဖေဖေ ဆုံးပါးသွားပြီးကတည်းက မာန် လုပ်ငန်းစုတစ်ခုလုံးရဲ့တာဝန်အားလုံးဟာ ကို့ရဲ့ပုခုံးပေါ်ကျရောက်ခဲ့သည်... လူငယ်တစ်ယောက်ဖြစ်တဲ့ကိုက လုပ်ငန်းစုတစ်ခုလုံးကိုဦးဆောင်မယ်ဆိုတော့ အားလုံးက မယုံကြည်မှု, အထင်သေးမှု, နေရာမပေးချင်မှုတွေနဲ့ မလေးမစားလုပ်ချင်ကြသည်...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Hikayelerin yaşadığı yer. Şimdi keşfedin