အပိုင်း-၁၉ (အပိုင္း-၁၉)

3.6K 94 0
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၁၉★

အခန်းထဲမှာထိုင်ပြီးဆေးလိပ်သောက်လိုက် ထပြီးလမ်းလျှောက်လိုက် ပြန်ထိုင်လိုက်နဲ့လူဟာလည်းဘာနဲ့တူလို့တူနေမိမှန်းမသိတော့

အခုလိုမျိုးဝေခွဲမရ ကိုယ့်စိတ်ကိုကိုယ်ထိန်းမရဖြစ်တာမျိုးတွေဟာ တစ်ချိန်တစ်ခါက တစ်စုံတစ်ယောက်ကြောင့်ဖြစ်ခဲ့ဖူးပေမယ့် ဒီအမူအကျင့်တွေသူ့ဆီမှာထပ်ပေါ်မလာတော့တာ ဆယ်စုနှစ်တစ်ခုကိုကျော်ခဲ့လေပြီ

အခုတော့လူဟာ မျောက်မီးခဲကိုင်ထားသလိုမျိုး ထိုင်မရ ထမရ နဲ့ ဖြစ်နေလိုက်တာဆိုတာ... အပြင်က တေဇ နဲ့ ဝဏ္ဏ မြင်ရင် သူ့တို့ဆရာမင်းစက်မာန်ဟုတ်ရဲ့လားလို့တောင်လာမေးမလားပဲ

#####
"Boss... ကျွန်တော်တို့ထပ်သွားကြည့်ပြီးပါပြီ... တံခါးလာဖွင့်တယ် Boss...  လူကတော့တော်တော်လေးကိုနေမကောင်းသလိုမျိုးပဲ... စကားတောင်အနိုင်နိုင်ပြောနေရတဲ့အခြေအနေမျိုးဖြစ်နေတယ်...

ဒါပေမယ့်ကူညီမယ်ပြောတော့လည်း 'ရတယ်... အဆင်ပြေတယ်' ပဲပြောတယ်... လုံးဝအကူညီမယူဘူး Boss... အဲ့ဒါနဲ့ကျွန်တော်တို့လည်းဒီအတိုင်းပဲထားခဲ့ရတယ်... တစ်ခုခုလိုရင်ဆက်သွယ်ဖို့တော့အထပ်ထပ်မှာခဲ့ပါတယ်...

နောက်တစ်ခုကကျွန်တော်တို့ကိုစေ့စေ့ကြည့်ပြီး တစ်ယောက်ယောက်ကလွှတ်လိုက်တယ်ဆိုတာသိသလိုမျိုး 'အခုလိုဂရုတစိုက်နဲ့ကြည့်ရှုစောင့်ရှောက်ပေးတဲ့အတွက်လည်းကျေးဇူးပါပဲ' လို့ပြောတယ် Boss... ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ?"

"တော်ပြီ... ဒီအတိုင်းပဲနေတော့..........

ဒါနဲ့ ပုံစံကတော်တော်လေးအခြေအနေမကောင်းဘူးလား?"

"ဟုတ်တယ် Boss... ကျွန်တော့်အမြင်တော့တော်တော်မကောင်းဘူး"
######

'ဟုတ်တယ် Boss... ကျွန်တော့်အမြင်တော့တော်တော်မကောင်းဘူး'

'လူကတော့တော်တော်လေးကိုနေမကောင်းသလိုမျိုးပဲ... စကားတောင်အနိုင်နိုင်ပြောနေရတဲ့အခြေအနေမျိုးဖြစ်နေတယ်'

ဘာလုပ်လုပ်စိတ်ထဲရောက်နေတာက အဲ့စကားသံတွေ

"ကျစ်" စိတ်ပျက်စွာစုပ်သတ်လိုက်ပြီးနောက်ဆုံးမနေနိုင်တော့တဲ့အဆုံး ဘီရိုထဲက hoodie တစ်ထည်ကိုကောက်ယူလိုက်ပြီး အခန်းထဲက ဆတ်ခနဲ ထွက်လာလိုက်တော့သည်

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now