အပိုင်း-၆(အပိုင္း-၆)

4.6K 113 0
                                    

🌛လရိပ်ဘယ်ဆီ🌜
★အပိုင်း၆★

အမြဲတ‎စေ ပိုင်ရှင်မလာလို့လွတ်နေခဲ့တဲ့ နှစ်ယောက်အိပ်ကုတင်ညာဘက်ခြမ်း... ညစဉ်ညတိုင်း ၁၄ နှစ်နီးပါး ထိုနေရာလွတ်ကိုကြည့်ကာ ကျိတ်မှိတ်အိပ်စက်ခဲ့ရတဲ့ညများ... အခု ထိုကွက်လပ်နေရာမှာ ပိုင်ရှင်က ဝင်ရောက်နေရာယူထားပြီးဖြစ်ကာ ညတိုင်း အဲ့ဘက်ကိုပဲကြည့်ပြီးအိပ်တတ်သူက အခုတော့ ကြည့်ဖို့နေနေသာ ခေါင်းလေးတောင်ယောင်ပြီးမလှည့်နိုင်တော့....

'အခြေအနေတွေက ဘယ်လိုတွေဖြစ်ကုန်တာလဲ?...'

ရင်တွေခုန်လွန်းလို့ ရင်ဘတ်ကြီးတစ်ခုလုံး ပေါက်ထွက်တော့မလားတောင်ခံစားနေရသည်... နောက်ဆုံးတော့ ကို နွယ့်ဘက်ကို နည်းနည်းလေးငဲ့ကြည့်လာနိုင်ခဲ့ပြီ...

သားကို ကြိုပြီးပြန်လာတဲ့ကိုတို့သားအဖကို သွားကြိုတဲ့နွယ်... ဒီလိုညမျိုးဆို တစ်ယောက်တည်း စာကြည့်ခန်းထဲမှာ ဝိုင်တစ်ပုလင်းနဲ့အတူ အဖော်ပြုနေတတ်တဲ့ကိုက သားသူငယ်ချင်းအိမ်ကို ကိုယ်တိုင်သွားပြီး သားကိုကြိုမယ်ဆိုတော့ နွယ့်စိတ်ထဲမသွားစေချင်... ညဆိုတာ အန္တရာယ်အများဆုံးအချိန်... ထို့အပြင် ဒီလိုညမျိုးဆိုပိုဆိုး... သောက်ကြစားကြ ပျော်ကြပါးကြပြီး ရမ်းကားတတ်ကြသူတွေအပြည့်... ကိုက ဘယ်လောက်ပဲအဆင်ပြေတယ်ပြောပြော ဝိုင်သောက်ထားတာဆိုတော့ ရီဝေဝေအရှိန်လေးကရှိနေသည်...

အိမ်ထောင်သက်တမ်းတစ်လျှောက်လုံးမှာ ကို့ကို မထိန်းနိုင်လောက်အောင်မူးတာမျိုး တစ်ခါမှမတွေ့ဖူးပေမယ့် တစ်ယောက်တည်းကားမောင်းထွက်သွားတော့ပိုစိတ်ပူသည်... အချိန်တန်လို့ အိမ်ပြန်ချိန်ရောက်လာတောင် ရောက်မလာကြတော့ နွယ့်ပူပန်မှုကအတိုင်းအစမရှိတော့... ဖုန်းဆက်ဖို့ကျတော့လည်း ကားမောင်းရင်းအနှောင့်အယှက်ဖြစ်မှာသွားစိုး၍ ချီတုံချတုံ... အဲ့လိုနဲ့ ခြံထဲကားဝင်လာတဲ့အချိန်မှာတော့ နွယ်အိန္ဒြေတောင်မဆယ်နိုင်တော့ပဲ ကားနားကိုပြေးထွက်သွားမိသည်... အနားရောက်မှ ကိုယ်ရှိန်သတ်ပြီး ကားပေါ်ကဆင်းလာတဲ့သားကိုကြိုရင်း ကို့ကိုမသိမသာလေး စောင်းငဲ့ကြည့်ကြည့်မိသည်...

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Donde viven las historias. Descúbrelo ahora