အပိုင်း-၄၃(အပိုင္း-၄၃)

4.2K 91 1
                                    

#Unicode
"Cheer" 🥂🥂🥂

"နောက်ဆုံးတော့ငါတို့ကိုနှစ်ရှည်လများ စိတ်ရောလူပါအနှောင့်အယှက်ဖြစ်စေခဲ့တဲ့အရှုပ်ထုပ်ကြီးရှင်းသွားပြီ"(မင်းနောင်)

"အေးကွာ... အခုတော့ငါ့ရဲ့ရွှေအိုရောင်နေ့သစ်တွေအရောင်တဖိတ်ဖိတ်တောက်တော့မယ့်အချိန်ရောက်ပြီ"(ဝေယံ)

"ဘာလဲဗျ ကိုဝေယံရ.... ရွှေအိုရောင်နေ့သစ်ဆိုပဲ"(ဝဏ္ဏ)

"ငါရဲ့အနာဂတ်ခရီးလမ်းမှာ သားရယ် မယားရယ်နဲ့ဖြစ်လာတော့မှာဆိုတော့ အခုလိုမျိုးအထီးကျန်ခြောက်သွေ့မှုတွေကရပ်တန့်ချိန်ရောက်တော့မယ်လေကွာ"(ဝေယံ)

"ဘယ်မှာလဲ မင်းကိုယူမယ်ဆိုတဲ့မင်းမယား?...  လောလောဆယ်မူးလို့ရှူစရာရည်းစားတောင်ရှိလို့လား?"(မင်းနောင်)

"ဘာကွ... မင်းကရောဘာထူးလို့လဲ?... အေကိုက်သေမယ့်အကောင်ကများ"(ဝေယံ)

"နေအုံး... ငါအခုမှသတိရတယ်... ဝေယံ မင်းကိစ္စခဏနေအုံး...  မာန်... မင်းအခုဖြစ်နေတဲ့ပြဿနာတွေကိုငါတို့ကိုဘယ်တော့အသိပေးဖို့စဉ်းစားထားလဲ?"(မင်းနောင်)

သုံးယောက်သားအတိုင်အဖောက်ညီညီပြောနေကြပြီးမှ သူ့ဘက်ကိုလှည့်လာတဲ့မင်းနောင်ရဲ့စကားကဘယ်ကိုဦးတည်နေမှန်းမာန်သိလိုက်သည် သို့သော်

"ဘာပြဿနာကိုမင်းကပြောချင်တာလဲ?"

"ဟေ့ကောင်... အရူးကွက်တွေလာနင်းမနေနဲ့... ဒီလောက်ထိအလုပ်ကိုလည်းသေချာမလုပ်နိုင်... အိမ်ကသားကိုတောင်ဂရုမစိုက်နိုင်တော့လောက်အောင် ချက်ချင်းပဲငရဲပြည်ထိဆင်းတော့မလား? ကောင်းကင်ပဲတက်ပြီးမီးရှို့တော့မလားဖြစ်နေတဲ့ မင်းရဲ့လှုပ်ရှားမှုတွေကိုမသိရင် ငါတို့မင်းသူငယ်ချင်းမဟုတ်တော့ဘူး"

မင်းနောင်အစားဝင်ဖြေလိုက်တဲ့ဝေယံ့အပြောကြောင့် အချိန်ကိုက်စွာ အမြည်းပန်းကန်တွေသယ်လာပြီးသူတို့ရှေ့ရောက်လာတဲ့ တေဇကိုမျက်လုံးလှန်ကြည့်လိုက်မိသည်

"တေဇမဟုတ်ဘူး... မင်းရဲ့သစ္စာရှိလူယုံတော်ကြီးက မိုးပြိုကျတာကိုတောင်မင်းကငလျင်လှုပ်တာလို့ပြောခိုင်းရင် တဝေမသိမ်းလိုက်ပြောမယ့်အကောင်... ငါတို့မှာတခြားသတင်းအရင်းအမြစ်တွေရှိတယ်"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now