အပိုင်း-၇(အပိုင္း-၇)

4.3K 116 0
                                    

#Unicode
🌛လရိပ်ဘယ်ဆီ🌜

★အပိုင်း၇★

နွယ် ရေချိုးအဝတ်အစားလဲပြီး အခန်းထဲကထွက်လာတော့ အရင်ဆုံးဦးတည်‌လိုက်မိသည့်ခြေလှမ်းတွေက ကို့ရဲ့စာကြည့်ခန်းရှေ့အထိ... အခန်းရှေ့ရောက်မှ တံခါးခေါက်ရန် ချီတုံချတုံဖြစ်နေမိသည်... ကိုက သူ့စာကြည့်ခန်းထဲကိုလူဝင်တာမကြိုက်... သန့်ရှင်းရေးလုပ်တာတောင် အိမ်ထိန်း ကြီးနုတစ်ယောက်တည်းကိုပဲလုပ်ခိုင်းသည်... နွယ်ကိုယ်တိုင်တောင် ဒီအခန်းထဲရောက်ဖူးတာလက်ချိုးရေမယ်ဆို ရေလို့ရနိုင်သည်... နောက်ဆုံးဘာမှမလုပ်‌တော့ပဲ ဒီအတိုင်းအောက်ထပ်ဆင်းဖို့ပြန်အလှည့်

'ကျွီ'🚪🚪🚪

တံခါးဖွင့်သံ‌ကြောင့် နောက်လှည့်ကြည့်လိုက်တော့လက်တစ်ဖက်မှာ မီးမညှိရသေးတဲ့ဆေးလိပ်ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲထည့်ထားကာ အခန်းထဲကထွက်လာသည့်ကို...

"နွယ်... နိုးပြီလား?"

"ဟုတ်... "

"ကိုယ့်ကိုတစ်ခုခု‌ပြောစရာရှိလို့လား?... "

"မဟုတ်.....ဟုတ်... "

"အဟွန်း... နွယ့်အဖြေကဘယ်လိုလဲကွ?... မဟုတ်.....ဟုတ်' ဆိုတော့..."

ပြုံးစစနဲ့မေးလိုက်တဲ့ကို့ကြောင့်

"ဟို အဲ့တာကလေ... ‌ပြောစရာ ထွေထွေထူးထူးမရှိပါဘူး... ဒီအတိုင်း ကို တစ်ခုခုလိုအပ်တာရှိမလား မေးချင်လို့လာခဲ့တာ.... ပြီးတော့ ဟို... ညကစကား‌အတွက်လည်း ကျေးဇူးတင်တယ်‌ပြောချင်လို့ ... အဲ့ဒါကြောင့်...."

‌ပြောနေရင်း နွယ့်ခေါင်းလေးကိုငုံ့လိုက်ကာ လက်ချောင်းလေးတွေကို ပွတ်ချေနေမိသည်...

"ရပါတယ် နွယ်... ကိုယ် အဆင်‌ပြေတယ်... မင်းနားပါ... လိုတာတွေက ကြီးနုအကုန်စီစဉ်ပေးထားတယ်... ပြီးတော့ ကျေးဇူးတင်စရာမလိုပါဘူး... ညက ကိုယ်‌ပြောသလိုပဲ... အတတ်နိုင်ဆုံးတော့ကိုယ်ကြိုးစားပေးမှာပါ... အနည်းဆုံးတော့ ဒီနှစ်တွေမှာ နွယ့်ရဲ့ပေးဆပ်မှုတွေအတွက်ပေါ့... ပြီး သားအတွက်ဆိုလည်း မမှားပါဘူး... "

ပြောပြီးတာနဲ့ နွယ့်ပခုံးကို တစ်ချက်ဖွဖွလေးပုတ်၍ ထွက်သွားတဲ့ ကို့ကျောပြင်ကိုကြည့်ရင်း

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Tahanan ng mga kuwento. Tumuklas ngayon