အပိုင်း-၄၁(အပိုင္း-၄၁)

3.9K 79 4
                                    

#Unicode
(အိပ်မက်)
ရွယ်ကြည့်နေတုန်းမှာပင်ဆေးရုံမှာလက်ယာကို ကွာရှင်းစာချုပ်ထိုးပေးနေတဲ့ရွယ်ပုံရိပ်လေးကပျောက်သွားပြီး အသစ်တဖန်ပြန်ပေါ်လာတာက

လက်ယာလက်ကိုဆွဲပြီးအိမ်ထဲဝင်ဖို့ကျောခိုင်းထားတဲ့နန်းစက်ရွယ်ကို ဒူးထောက်တောင်းပန်နေတဲ့သူ

#######  (အတိတ်စာမျက်နှာ ၉)

"ရွယ်... ကိုကိုဒီလိုမျိုးတောင်းပန်တယ်... ကျေနပ်ပါတော့ကွာ... ကိုကိုရဲ့မာနတွေ သိက္ခာတွေအကုန်လုံးကို ကိုကိုမင်းခြေရင်းမှာဖြန့်ခင်းပေးတယ်ကွာ... ကိုကိုကို့မရွဲ့ပါနဲ့တော့"

နောက်ကနေသူမကိုရှိသမျှသောမာနတွေ သိက္ခာတွေအားလုံးကိုချခင်းပြီးဒူးထောက်တောင်းဆိုနေမှန်းသိသော်လည်း ရွယ်လှည့်မကြည့်ခဲ့

"ရွယ်...  မင်းတကယ်ဒီလိုရွေးချယ်လိုက်တာဆိုရင် ဒီတစ်သက်လုံး မင်းနဲ့ကိုယ် ဝေးသွားမှာနော်... မင်းကိုကိုယ် ဘယ်တော့မှခွင့်လွှတ်တော့မှာမဟုတ်ဘူး... အဲ့တာတောင်မှပဲမင်းသူ့ကိုရွေးမှာလား"

ပြောနေရင်း စကားတွေကတောင်းဆိုရာကနေခြိမ်းခြောက်သလိုတွေဖြစ်လာတော့လည်း ရွယ်ခေါင်းမာစွာနေမြဲအတိုင်းဆက်ပြီးရပ်နေခဲ့သလို

"ရှင့်နဲ့ပက်သက်ပြီးဘာမှစိတ်မဝင်စားတော့တဲ့အတွက် ရှင့်ရဲ့ခွင့်လွှတ်တာ ခွင့်မလွှတ်တာကကျွန်မနဲ့မဆိုင်တော့ဘူး... ဒီဘဝဒီမျှပါပဲ ကိုမင်းစက်မာန်"

ကိုယ့်အသည်းကို ကိုယ်တိုင်ဓားနဲ့မွှန်းနေသလို နာကျင်ရသည့်ကြားကပင် ဒီစကားတွေကိုတော့ရအောင်ပြောပစ်လိုက်သည်

'တောက်'

"ကောင်းပြီလေ... မင်းရဲ့ဆုံးဖြတ်ချက်ကအဲ့အတိုင်းပဲဆိုရင်တော့ငါကလည်းပြတ်သားပေးရမှာပေါ့...
မင်းသိအောင်နောက်ဆုံးအနေနဲ့ငါပြောခဲ့မယ်...
မင်းစက်မာန်ဆိုတဲ့ငါက နန်းစက်ရွယ်ဆိုတဲ့မင်းကိုသိပ်ချစ်တယ်...
အဲ့တာဟာမင်းကိုစတွေ့ထဲကငါ့ရင်မှာ
အလိုလိုဖြစ်တည်လာတဲ့ခံစားချက်...
အခုထိလည်းမင်းကိုငါချစ်နေဆဲပဲ..
ဖြစ်ခဲ့သမျှကိစ္စတွေအားလုံးဟာငါကိုယ်တိုင်တောင်ဘာမှန်းမသိလိုက်ရပဲဖြစ်ခဲ့တာဆိုပေမယ့် မင်းကိုအတတ်နိုင်ဆုံးရှင်းပြဖို့ငါအရူးတစ်ယောက်လိုလိုက်ရှာခဲ့တာ...
ဒါပေမယ့်ငါ့အချစ်တွေဟာအပေါစားတွေမဟုတ်ဘူး...
ငါ့ကိုအထင်လွဲတာလောက်လေးနဲ့ငါမဟုတ်တဲ့တခြားယောကျာ်းရင်ခွင်ကိုအလွယ်တကူရွေးချယ်လိုက်တဲ့မိန်းမတစ်ယောက်ကိုတော့ငါသေလောက်အောင်ချစ်နေလဲ
ငါဘယ်တော့မှမလွမ်းနိုင်အောင်ကြိုးစားမယ်....
ငါကလည်းမင်းကိုတစ်ဘဝလုံးစာအတွက်နှုတ်ဆက်ခဲ့တယ် နန်းစက်ရွယ်"

လရိပ်ဘယ်ဆီ (လရိပ္ဘယ္ဆီ)Where stories live. Discover now