Chapter (1)

1.7K 37 0
                                    


"ကြည်သာရေ"

"ကြည်သာ "

ကြည်သာတစ်ယောက် ကျူရိုးတံတွေကြား ရင်ခုန်စိတ်လှုပ်ရှားနေရာမှ သူ့အမေအသံကိုကြားလိုက်ရ၍ ရင်ထိတ်သွားသည်။သူ့ရင်ခွင်ထဲမှ ချစ်သူသက်ထားနှင်းကလျာလေးမှာတော့ ရယ်လေ၏။

"ကိုကြည့်အမေခေါ်နေပြီ"

ချိန်းတွေ့ကြတိုင်း အမေသိလို့လိုက်ခေါ်ရတာ အခါခါမို့ အမေ့အသံကို ကလျာမှတ်မိနေသည်မှာမဆန်းပေ။ကြည်သာ လက်မှနာရီကိုကြည့်လိုက်တော့ ဆယ်နာရီပင်စွန်းတော့မည်။သက်ပြင်းချ၍ ကလျာကို ရင်ခွင်ထဲ ဖျစ်ညှစ်ဖက်ကာ သူ မေးလိုက်သည်။

"မနမ်းတော့ဘူးလား"

"ကဲပြန်ပြီ ဟွန့် "

သူ့ကို အမူပိုပိုဆိုပေမဲ့လည်း ကလျာက အနမ်းတစ်ပွင့်တော့ ပေးလာသည်။ဒီည စိတ်ကူးထားသမျှ လက်လွှတ်ရတော့မှာကြောင့် မချင့်မရဲနှင့် ကလျာကို ရင်ခွင်ထဲမှထုတ်လိုက်သည်။

"ဟဲ့ ကြည်သာ ! ဒီနားမှာ နင်ရှိမှန်း ငါသိတယ်နော်။ ပြန်မလာသေးဘူးလား"

အမေ့အသံက ချောင်းကမ်းနံဘေးတလျှောက် စူးတလွင့်လွင့်။ကြည်သာ အံသာကြိတ်မိ၏။အမေကတော့ မဟုတ်တော့ဘူး။

"ကဲပါ ကိုကြည်ရယ် ! နောက်လည်းလာလို့ရတာပဲ ။ ပြန်လိုက်ပါ ။ ကိုကြည့်အမေက အဝေးကြီးလိုက်ခေါ်ရတာ"

"ကောင်းကောင်းမတွေ့ရဘူးကွာ "

ကလျာက သဘောတကျရယ်ကာ

"သွားတော့ ! ကလျာလည်းပြန်တော့မယ် ။ ညည့်တောင်နက်လာပြီ ။"

"အင်းပါ ! ကဲ ကဲ သွားတော့ ။ ကိုယ် ဒီကနေကြည့်နေမယ်။ "

"ဟဲ့ ကြည်သာ "

ကလျာက ကိုယ်လုံးတလှုပ်လှုပ်ဖြင့်ရယ်ကာ သူ့ကိုကျောပေး၍ ထွက်သွားသည်။သူလည်း စိတ်ပျက်လက်ပျက်ဖြင့် လက်ပံပင်နားရှိ စက်လှေထားရာသို့ ပြန်လျှောက်ခဲ့သည်။လရောင်အောက်ဝယ် တခြားစက်လှေပေါ်ရှိ အမေ့ကို သူတွေ့လိုက်ရသည်။အမေက သူ့ကို ခါးထောက်ကြည့်လျက်ရှိသည်။

"နင့်နောက်ကို ငါဘယ်နှစ်ခေါက်ထပ်လိုက်ရဦးမလဲ ဟမ် "

"မလိုက်နဲ့ပေါ့ အမေရာ ။ အမေ့ကိုလည်း ဘယ်သူမှမလိုက်ခိုင်းဘူး"

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now