Chapter (18)

217 13 0
                                    


မနေ့ကရဲ့မနက်ဖြန်ဖြစ်သည်။

ရွာပြင်၏ ထန်တောအစပ်မှာလူနှစ်ဦးက နေအဝင်ကိုငေးကြည့်နေလေတယ်။

"အဖြေ ဒီနေ့ပေးမယ်ဆို"

ကြည်သာက ထန်းပင်ကိုကျောမှီလိုက်ရင်း မေး၏။ခင်ကြည် ခပ်ရေးရေးပြုံး၍ လက်ကလေးနောက်ပစ်ကာ အင်္ကျီစကိုဆွဲချသည်။သူက လက်ထဲမှ မြက်ရိုးကို လေထဲလှုပ်ခါ၍ ပြန်ဖြေသည်။

"ကိုကြည်သာက သိပ်လောတာပဲ "

ခင်ကြည်ဟာ ရွာ၏ကွမ်းတောင်ကိုင်မဖြစ်ပေမဲ့ ကွမ်းတောင်ပန်းတောင်ကိုင် ရွှေအိထက်ကို လှသည်။ကိုယ်နေဟန်ထားမှာ သူ့အချိုးအစားနှင့်သူတင်းတင်းရင်းရင်းနှင့် မင်းကြိုက်စိုးကြိုက်သဏ္ဍာန်။သူ့တွင် အမေမရှိတော့လို့သာ ရွာ၏ကွမ်းတောင်ကိုင်မဖြစ်ခဲ့ရလေခြင်း။

သူ့ကိုချစ်ရေးဆိုသူတွေများပြားသည့်ကြားထဲမှ ကြည်သာကတော့ မျက်နှာသာပေးခြင်းခံရသည် ဆိုရမှာပေါ့။

"လောတယ် မဆိုပါနိုင်ပါဘူး ခင်ကြည်ရယ် ။ သူများတွေဦးသွားရင် ဘယ်လိုလုပ်မလဲ "

ကြည်သာက ပြုံးပြုံးလေးကြည့်၍ ဆိုသည်။
ခင်ကြည်က မြက်ရိုးနှင့် ကြည်သာ့ကိုရိုက်၍

"အိုး ! ဦးသွားရအောင် ခင်ကြည်က ဘယ်သူ့ကိုလက်ခံစကားပြောတာ မြင်လို့လဲ "

စကား၏ အစအနကို ကြည်သာက မြင်တွေ့သွား၏။သူက မိန့်မိန့်ကြီးပြုံး၍ ခင်ကြည်၏လက်ကို လှမ်းကိုင်သည်။ခင်ကြည်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီး မည်သူ့ကိုမှမတွေ့လေရာ ရုန်းထွက်ခြင်းမပြု။သူတို့ဘေးတွင် ထန်းပင်တွေနှင့်ဝင်တော့မည့် နေဝန်းသာရှိသည်။

"ဒါဆို ကိုယ့်ကိုလက်ခံစကားပြောတာ ဘယ်လိုအဓိပ္ပာယ်များလဲကွာ "

"အိုး ! ရှက်စရာတွေ ။ ဒီလောက်ဆို ကိုကြည်သာလည်း ခင်ကြည့်သဘောကို သိလောက်မှာပါ ။ ခင်ကြည် သွားတော့မယ်နော် "

ခင်ကြည်က ရှက်ပြုံးလေးနှင့်ကြည်သာ့ကိုမခို့တရို့ကြည့်ကာ ခပ်သုတ်သုတ်ထွက်သွားလေ၏။တလှုပ်လှုပ် လျှောက်သွားသည့်ခင်ကြည့်နောက်ကျောကိုကြည့်ကာ ကြည်သာ မတ်တပ်ရပ်နေခဲ့သည်။ခင်ကြည်အနေနဲ့ သူ့ကိုလက်ခံလိမ့်မည်မထင်ခဲ့ပေ။သူနှင့်ကလျာရဲ့မေတ္တာဇာတ်လမ်းက တစ်ရွာလုံးသိသည်မဟုတ်လား။ခင်ကြည်လည်း သိသည်ပင်။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now