Chapter (7)

276 20 3
                                    

ဆယ်ပေ ! ရှစ်ပေ ! ခုနစ်ပေ အကွာအဝေးကနီးကပ်လာချေပြီ။အသံတွေလည်း ဆူညံပွက်လောရိုက်နေ၏။အားပေးသံတွေမှာ ဘဝဂ်ထိပင်ညံနေလေသည်။

"အီး ဟီး...ငါငိုပြီ "

နွယ်နီက မျက်ရည်တသွင်သွင်ကျ၍မတ်တပ်ထရပ်လိုက်သည်။အားမရတော့သည်နှယ် ။ လှေနှစ်စီးမှာ ယှဥ်လျက်ပင် သူမသာကိုယ်မသာအခြေအနေ။လှေဦးမှာ အလံကိုပြေးခွင်းတော့မည်။ဘယ်လှေက ပထမနေရာရမည်လဲ။

အံကြိတ်လွန်း၍ မေးရိုးပင်ထုံကျဥ်နေပြီဖြစ်သည်။လက်ရုံးရည်ဟာ အဆုံးအဖြတ်ပင်။

အလံရွက်တင်ထားသည့် ကြိုးလေးမှာ လှေဦးနှင့်တိုက်မိကာ နောက်သို့ဆုတ်ခွာပြေးသွားသည်။တစ်စီးကတော့ ပထမနေရာရရှိသွားလေပြီ။

ကြည်သာ မျက်လုံးမှိတ်ချလိုက်၏။ချွေးတစီစီက ဦးရည်ပြားပေါ်မှလည်ပင်းထက်သို့ ယိုစီးကျနေသည်။ပင်ပန်းလွန်းလို့ ရေထဲခုန်ဆင်းကာစိမ်နေချင်သည်။

ပွဲက ပြီးသွားလေပြီ။

"သစ်တောဌာနမှ ပထမနေရာပဲဖြစ်ပါတယ်
ခင်ဗျ"

အခမ်းအနားမှူ၏အသံကို ဒီဘက်ကမ်းကပင် မိုးသောက်တို့ကြားလိုက်ရသည်။

"ကြည်သာတို့ ပထမမှလား ! သူတို့က သစ်တောဌာနကိုယ်စားပြုလေ။  အမယ်လေး ....ပထမရပြီဟဲ့ ပထမရပြီ ။ "

အစ်မနွယ်နီက ကဆုန်ပေါက်အောင်ခုန်ကာ အော်ဟစ်တော့သည်။သူနှင့်အတူ သစ်တောဌာနကိုအားပေးသောလူတွေမှာ မတ်တပ်ရပ်၍အော်ဟစ်သောင်းကျန်းလာသည်။သိကြားမင်းကိုပင် ရင်ဖိုစိတ်လှုပ်ရှားစေနိုင်သည့် ဆိုင်းသံမှာ ဝင့်ကြွားစွာထွက်ပေါ်လာ၏။

အစ်မနွယ်နီမှာ ကွေးနေအောင်ကတော့သည်။ထဘီနှင့်ကရသည်မှာခြေမလွတ်လပ်၍ ဒူးအထက်တိုအောင်ပြင်ဝတ်လိုက်သည်။ပြီးလျှင် ဆိုင်းသံနှင့်အပြိုင်တခြားလူများနှင့်တွဲကနေလျက်ရှိသည်။သူ၏အပျော်များက တခြားလူတွေကိုပင် ကူးစက်သေကာ ကျန်လူများမှာ သူတို့ကိုကြည့်၍ လက်ခုပ်တီးပေးနေ၏။မိုးသောက်လည်း ဘာထူးလဲ။သူက ဝင်မကပေမဲ့လည်း ခေါင်းတဆတ်ဆတ်နှင့်အစ်မနွယ်နီတို့ကို အားပေးနေလိုက်သည်။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now