Chapter (3)

392 29 2
                                    

ကြည်သာထွက်သွားပေမဲ့ ကျန်လူတွေက သီချင်းတွေထပ်ဆိုကြရင်း မိုးချူပ်လာ၏။သူတို့အားလုံး ရေချိုးဖို့ပြင်ဆင်ကြတော့သည်။

"ရေကူးချင်တယ်ကွာ ! သောင်းအေးတို့ပြောတာ သူတို့လာပြိုင်တုန်းက ရေကူးကန်မှာ ရေကူးလို့ရတယ်တဲ့ ။ "

သောင်းအေး၏ညီဖြစ်သူက ဆို၏။သူ့စကားကြောင့် တခြားလူတွေလည်းစိတ်ဝင်စားသွားသည်။

"ရေကူးခိုင်းလို့လား"

"သောင်းအေး ပြောတာပဲ"

ထိုစဥ် မိုးသောက်က သူတို့ကြားစကားဝင်ပြောလာသည်။

"ရေကူးခိုင်းပါတယ်ဗျ ။ လူကြီးတွေဆီက အရင်ခွင့်တောင်းကြည့်ပေါ့။"

"ငါ့ညီက ဒီမှာလာကူးဖူးတယ်ပေါ့"

"ဟင့်အင်း ! ကျွန်တော်ကအပြင်မှာပဲ တစ်ပတ်တစ်ခါလောက်ကူးဖြစ်တာပဲ။ "

"မင်းအစ်ကို တင်ဝေဆိုရေသရဲကွ ။ ကူးတာများဖျံကျနေတာပဲ။ "

သူ့အစ်ကိုအကြောင်းကြားလိုက်ရ၍ မိုးသောက်မှာပြုံးမိသွားသည်။

"ဟေ့ ! ကြည်သာ ရေသွားကူးရအောင် "

အထဲပြန်ဝင်လာသည့် ကြည်သာကိုသူတို့တွေ့လိုက်ရာ လှမ်းခေါ်လိုက်သည်။

"ဘယ်မှာကူးလို့ရလို့လဲ"

အင်္ကျီချွတ်နေရင်း ကြည်သာမှ ပြန်မေးသည်။
ဝက်ကြီးက မိုးသောက်အားမေးငေါ့ပြကာ

"ဒီကောင်ပြောတာပဲ ! "

"နေပါကွာ ။ ပထမတစ်ရက်တော့ အေးအေးဆေးဆေးနေပေးလိုက် ။ သုံးလတောင်နေရမှာ ။ "

ဒီလိုနှင့်သူတို့ရေသွားမကူးဖြစ်ကြဘဲ ရေချိုးဆောင်သို့ရောက်ခဲ့ကြသည်။ဟေးဟေးအားအားနှင့်သူ့ထက်ငါ ရေလုချိုးနေကြသည်ကို ကြည်သာထိုင်ကြည့်နေမိသည်။ထိုစဥ်တွင် တင်ဝေ့ညီလေးက သူ့ဘေးတွင်လာထိုင်ကာ

"မချိုးသေးဘူးလား အစ်ကို"

မေးလာ၏။

"လူများနေသေးတယ် ။ နောက်မှအေးအေးဆေးဆေးချိုးမလို့ ။ "

"သြော် !! "

"မင်းက ကျောင်းပြီးပြီပေါ့"

စကားတွေပြတ်တောက်သွားရာမှ ကြည်သာက ရုတ်တရက်ထမေးလေ၏။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now