Chapter (61)

216 10 0
                                    

မနက်ခင်းတွင်တော့ မိုးသောက် အစောကြီးနှိုးလာရချေပြီ ။ ညကလည်း ကလေးအော်ငိုသံကြောင့် နှိုးလိုက်အိပ်ပျော်လိုက်နှင့်အိပ်ရေးကမဝ ။ တဝါးဝါးသမ်းရင်း အခန်းပြင်ထွက်လာခဲ့ရာ တံခါးလာခေါက်သည့်မိခင်နှင့်တန်းတိုးသည် ။ မိခင်ဖြစ်သူက မေးလာ၏ ။

" နှိုးပြီလား "

မိုးသောက် ခေါင်းညိတ်ပြကာ

" ဒီနေ့အလုပ်ပိတ်တယ် ၊ ကျွန်တော်ပြန်အိပ်ဦးမယ် "

ပြောပြီးတာနှင့်တံခါးပြန်ပိတ်ပြီး အိပ်ယာပေါ်တက်ခွေနေလိုက်သည် ။ပြန်အိပ်ပေမဲ့လည်း အိပ်မပျော်တော့ ။ အလုပ်ပိတ်ရက်တွင် အစ်ကိုကြည်သာနှင့်စကားသွားပြောဖို့ကို ယခုတော့ဖြင့် လက်လွှတ်လိုက်ရလေပြီ ။ စပ်ဖျင်းဖျင်းဖြစ်နေသည့်မျက်လုံးကို မှိတ်လိုက်ပြီး ဝင်လေထွက်လေမှတ်နေလိုက်သည် ။ ဒါပေမဲ့ အိပ်မရတော့ချေ ။

ထို့ကြောင့် အိပ်ယာသိမ်းပြီး အပြင်ထွက်လာခဲ့တော့၏ ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကိစ္စအဝဝတို့ကို လုပ်ဆောင်ပြီးမှ အိမ်ရှေ့သွားထိုင်ကာ သတင်းစာကို ဟိုလှန်သည်လှော်ဖြင့်ဖတ်နေလိုက်သည် ။ တီဗီတွင်တော့ မနက်ခင်းတရားမှာမပြီးသေး ။ မီးဖိုချောင်ထဲတွင် ချက်ပြုတ်ကြော်လှော်နေသံတို့က ပွက်ပွက်ညံ ။ သူ့အဖေနှင့်အစ်ကိုကိုမတွေ့၍ သတင်းစာကို ခုံပေါ်တင်ခဲ့ပြီး ပြတင်းပေါက်မှတဆင့် ခြံထဲသို့ ကြည့်လိုက်သည် ။ သားအဖနှစ်ဦးမှာ စကားတပြောပြောဖြင့် လေပေးဖြောင့်လျက်ရှိနေ၏။

ဘိုးအေဖြစ်သူလက်ထဲတွင်တော့ သူ့တူလေးက ငြိမ်ငြိမ်ဆိမ်ဆိမ်။

" ပြန်အိပ်မလို့ဆို "

အနောက်မှ မိခင်ဖြစ်သူ၏စကားသံကိုကြားလိုက်ရ၍ ပြန်လှည့်ကာ ခုံတွင်ဝင်ထိုင်လိုက်သည် ။

" အိပ်မပျော်တော့လို့ "

" ထမင်းစားတော့မလား ၊ ပဲပြုတ်နဲ့ထမင်းကြော်ထားတယ် "

" စားမယ် "

" အေး ! ဒါဆို ခဏနေလာစားတော့ အမေခူးထားပေးမယ် ။ သားအဖေတို့ကတော့ စောစောစီးစီးမုန့်ဟင်းခါးသွားစားကြပြီးပြီ "

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now