Chapter (51)

215 11 4
                                    

နှစ်နှစ်ကြာပြီးနောက် ။

လူရှုပ်ထွေးလွန်းလှသည့်ရန်ကုန်မြို့တစ်နေရာတွင် .....အိမ်အတွက်အသီးတွေဝယ်သွားဖို့ လမ်းလျှောက်ပြန်လာသည့် လူတစ်ယောက် ။ သစ်သီးဆိုင်တွေဟာ များပြားလွန်းတာကြောင့် လတ်လတ်ဆတ်ဆတ်နှင့်ဈေးနှုန်းသင့်သည့် ဆိုင်ကို အရင်လိုက်ရှာသည် ။ စိတ်ကြိုက်တွေ့သည့်ဆိုင်ကိုရောက်မှ

" ပျားလိမ္မော် ငါးဆယ်သားပေး အစ်မ "

ဈေးသည်အမျိုးသမီးက ခြင်းပစ်ပေး၍ သူလည်း ပျားလိမ္မော်တွေရွေးပြီး ပြန်ပေးလိုက်သည် ။

" ပန်းသီးက တစ်လုံးဘယ်လောက်လဲ "

" လေးလုံး နှစ်ရာ "

" အဲ့ဒါဆို ...စပျစ်သီးငါးဆယ်သာနဲ့ပန်းသီးလေးလုံးပါ ထပ်ယူမယ် "

မိုးသောက် ငွေရှင်းပြီးတော့ ဆိုင်ထဲမှထွက်ခဲ့၏ ။ လမ်းအတွင်းက ဆိုင်တွေကိုကျော်ဖြတ်ပြီး လမ်းမကြီးပေါ်ပြန်ရောက်တော့ အိမ်နှင့်သိပ်မဝေးတော့တာကြောင့် လမ်းလျှောက်သွားဖို့ပဲ ကြံတော့သည် ။

ဥဒဟိုသွားလာနေသည့် လူအုပ်ကြားတိုးဖြတ်လျှောက်လှမ်းနေရင်း စွဲထင်နေသည့် ပုံရိပ်တစ်ခုကို တစ်စွန်းတစ်စမြင်လိုက်ရသလိုပင် ။ ချက်ခြင်းပဲ ခေါင်းကို ဝေ့ကြည့်တော့ ...........။

ထိုသူက လူအုပ်ကြားထဲကနေ အေးအေးဆေးဆေးလမ်းလျှောက်လာသည် ။ သူ့ဘေးတွင် ကလေးမလေးတစ်ယောက်ကလည်း တီတီတာတာနှင့်စကားပြောလျှက် နှစ်ယောက်သား ရယ်ရယ်မောမော ။ ထိုသူက တစ်ချက်မျှပင် မွှေးကြူလေ၏ ။ တဖြည်းဖြည်းနှင့်သူ့အနားသို့ နီးကပ်လာသည့်တိုင် ထွက်ခွာသွားဖို့ကို မေ့နေသလိုမျိုးဖြင့် ရပ်ကြည့်နေမိသည် ။ ညို့ယူခြင်းခံထားရသလို မလှုပ်မယှက် ။ လူသွားလမ်းမို့ တစ်ချို့တလေက သူ့ကိုတိုက်မိသွားတတ်ပေမဲ့လည်း ဂရုမစိုက် ။ မမြင်ရတာကြာပြီဖြစ်သည့် ချစ်ရသူဟာ ပိုမိုပင်ခန့်ညားလာခဲ့သည် ။ ရိတ်သိမ်းသန့်ရှင်းထားသည့် မျက်နှာဟာ လူတွေကြား ထင်းနေ၏ ။ သမီးတစ်ယောက်နှင့်တစ်ကမ္ဘာဖြစ်နေလေကာ အိမ်ထောင်ရေးအဆင်ပြေတယ်ထင်ပါ့ ။ ရင်တွင်းက ဝမ်းနည်းသွားသည့်ခံစားချက်တချို့က သူ့ကို အသိဝင်သွားစေသည်။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now