Chapter (41)

189 10 0
                                    

သူက စိတ်ထဲကတော့ မေးဖြစ်အောင်မေးခဲ့သည် ။ သူ့ကို လက်ပြပြီး စက်လှေသံနောက်မှာ ချစ်ရသူ၏ပုံရိပ်ပျောက်ကွယ်သွားမှ မိုးသောက် လှည့်ပြန်ခဲ့၏ ။ အိမ်ရောက်တော့ သူ့မိဘတွေဟာ ရုပ်သံဇာတ်လမ်းတွဲကြည့်နေဆဲပင် ။ ထို့ကြောင့် ဘာသိဘာသာ မသိချင်ယောင်ဆောင်၍ ခြေလက်ဆေးပြီး အပေါ်ထပ်သို့ပြန်တက်ခဲ့လိုက်သည် ။

နောက်တစ်နေ့မိုးသောက်အရုဏ်ဦးတွင် ကြက်တွန်သံနှင့်အတူနှိုးထလာရပြီး မျက်လုံးပွင့်ပွင့်ခြင်းကို လယ်သမားကြီးအား သတိရသွား၏ ။ထိုလူကတော့ သူ့ထက်စောလျင်စွာထရမည်ပေါ့ ။ အတူတူနိုးထရလျှင်ဖြင့်တွေးမိကာ သူ့ဘာသာရှက်သွေးဖြန်းမိလေသည် ။ တစ်ယောက်တည်း ကြိတ်ရယ်ကာ အကြောတွေဆန့်ထုတ်၍ ထလိုက်တော့သည် ။ အိပ်ယာကိုသိမ်းပြီး မျက်နှာသစ်ရန် အောက်သို့ဆင်းလာခဲ့၏ ။

အောက်ရောက်တော့ စကားပြောသံအချို့ကိုကြားလိုက်ရသည် ။ဒီနေ့က လှိုင်းသင်္ဘောမထွက်သည့်ရက်ဖြစ်တာကြောင့် အစ်ကိုတင်ဝေ၏ အသံစာစာကို စောစောစီးစီးကြားနေရ၏ ။

" နင်မယုံလည်းနေ ၊ ရွှေကြည် မိန်းမခိုးသွားတာတကယ်ပါဆို "

မီးဖိုချောင်ထဲဝင်သွားတော့ ငှက်ပျော်ကြော်ကို ပလုတ်ပလောင်းစားနေသော အစ်ကိုဖြစ်သူကို မိုးသောက် မြင်လိုက်ရသည် ။

" အဖြူလုံးလေးနှိုးပြီလား "

တင်ဝေက ညီဖြစ်သူကိုမြင်တွေ့သွား၏ ။

" ကျွန်တော့်အတွက် ငှက်ပျော်ကြော်ချန်ထားပေးဦးနော် "

" အေး "

တင်ဝေက ပြန်ဖြေ၍ ကိုင်ထားလက်စ ငှက်ပျော်ကြော်တစ်ခုကို ချလိုက်သည် ။ ပန်းကန်ထဲတွင် ငှက်ပျော်ကြော်က သုံးခုသာကျန်တော့တာဖြစ်သည် ။ ခင်ထားက ရယ်လေ၏ ။

" နင်က တစ်ခုနှစ်ခုနဲ့လည်း မတင်းတိမ်နိုင်ဘူး ၊ ဒါနဲ့ ရွှေကြည်က ဘယ်သူ့ကိုခိုးပြေးသွားတာလဲ "

တင်ဝေက ငှက်ပျော်ကြော်ထည့်ထားသည့်ပန်းကန်ကို ခပ်ဝေးဝေးသို့တွန်းထုတ်လိုက်ပြီး ခင်ထားအား ပြန်ဖြေသည် ။

" ဥမ္မာကိုလေ "

" ဒေါ်အေးဟန်သမီး ဥမ္မာလား "

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now