Chapter (31)

207 9 0
                                    


"အမေ ကြွက်သားပဲ ချက်နေတော့မှာလား"

ကြည်မင်း ငါးပိရည်ဆမ်းနေရင်း သူ့အမေကို လှမ်းခနဲ့သည် ။

"ကြွက်ကို ရောင်းလိုက်ပါဆို ၊ မရောင်းဘဲ ကြွက်ကြီးပဲ ချက်ချက်လာပေးတယ်"

"ရွာထဲ အသားလာမရောင်းလို့လေ ၊ ကြွက်မစားချင်ရင်လည်း သွား ကန်စွန်းရွက်သွားခူး ငါ ကြော်ပေးမယ်"

ကြည်မင်း တိတ်သွား၏ ။ သူက သူ့အမေကို ပြုံးတုံ့တုံ့မျက်စောင်းထိုင်းလိုက်သည် ။

" သက်ထား အလှူအိမ်သွားကူနေတာလား"

ကြည်သာ မေးတော့ ဒေါ်ပိန်သေး ခေါင်းညိတ်ပြကာ

"အေး ! အောင်ဝင်းကိုလည်း ခေါ်လာမလို့ကို ရွာထဲ အလေလိုက်နေတာ
ရှာလို့ကိုမတွေ့ဘူး"

သားအမိလေးယောက် စားသောက်ရင်းစကားပြောရင်းဖြင့် ဝမ်းပြည့်သွားကြသည် ။ ပန်းကန်တွေဆေးပြီးတော့ ဒေါ်ပိန်သေးက ပြောင်းရွက်ကိုလိပ်၍ဆေးရွက်ကြီးထည့်ကာ နှုတ်ဖျားတွင် ခဲ၍ ရှုရှိုက်သည် ။
ကြည်မင်းနှင့်ရွှေကြည်က ကြမ်းပေါ်တွင်ပစ်လဲ၍ ထမင်းဆိပ်တက်နေလေ၏ ။ ကြည်သာမှာတော့ နွားစာကျွေးဖို့အပြင်ထွက်သွားသည် ။
ခဏနေတော့ ပြန်လာ၍ တဲရှေ့ကွပ်ပျစ်ပေါ်တွင် ဝင်ထိုင်၏ ။ သူက လေးခွကိုကိုင်၍ ဆွဲကာ အတင်းအလျော့ချိန်ကြည့်သည် ။

"ဖြူလုံးတို့ကို ကျွေးပြီးပြီလား"

ဒေါ်ပိန်သေး လှမ်းသတိပေးလိုက်၏ ။ သူ ထ၍ လုပ်ပေးမည်ကြံသော်လည်း မထချင်တော့ပေ ။

"ဟုတ်သား ! သူတို့နှစ်ကောင်လည်း အစာလာမတောင်းတော့မေ့တောင်မေ့နေတာ"

ပြောပြောဆိုဆိုနှင့် ကြည်သာတဲထဲပြန်ဝင်၍ ဇလုံထဲထမင်းခဲထည့်ချေ၍ ငါးပိရည်ဆမ်း ၊ မုန်လာဥချဉ်ဟင်းအကျန်နှင့်ရောဖတ်နယ်လိုက်သည် ။
ဟင်းခွက်ကိုလှန်ကြည့်ရာ ကြွက်သားအနည်းငယ်ကျန်သေးတာကြောင့် ထည့်ပေါင်းထည့်လိုက်၏ ။ သူလည်း ကျွေးဖို့အထွက် ထိုနှစ်ကောင်လည်း ကွင်းဘက်မှ ပြန်ပြေးလာကြသည် ။ တစ်ကိုယ်လုံးလည်း ရွံ့လူးနေကာ ညစ်ပတ်ပေပွနေ၏ ။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now