Chapter (22)

208 15 0
                                    

"ထမင်းချိုင့်မထည့်သွားဘူးလား"

အဖြူအစိမ်းဝတ်စုံလေးနှင့်မိုးသောက်က အိမ်ဝသို့ဖြတ်ကျော်တော့ ဒေါ်ရတနာ လှမ်းပြောလိုက်သည်။မိုးသောက်က ပြုံးဖြဲဖြဲနှင့်ပြန်ဝင်လာကာ

"မေ့သွားတာ"

"နောက်ကျနေပြီမို့လား"

သားဖြစ်သူက ခေါင်းညိတ်၍ ထမင်းချိုင့်ကို ယူသည်။

"သွားပြီနော် အမေ "

ထမင်းချိုင့်ကိုဆွဲ၍ ကျောင်းသို့ လျှောက်ခဲ့သည်။ကျောင်းမှာ သူတို့အိမ်နှင့်သိပ်မဝေးပေမဲ့လည်း နေ့လည်စာစားဖို့အိမ်မပြန်ချင်၍ တခါတည်းယူယူလာတာဖြစ်သည်။

"ဆရာ ! သားကိုထမင်းချိုင့်ပေးလေ ၊ သားသယ်သွားပေးမယ် "

ကလေးအသံက သူ့အနောက်မှ ပြောလာရာ မိုးသောက်လှည့်ကြည့်လိုက်သည်။‌ကလေးက နှပ်ချေးတွဲလောင်းနှင့်ပါးတွင်သနပ်ခါးပါးကွက်ကြား ။ထိုကလေးက မူလတန်းတက်နေသည့်ကလေး ။

"ဆရာပဲ ယူသွားလိုက်တော့မယ် ၊ လာလေ ဆရာနဲ့အတူတူသွားမယ် "

မိုးသောက် ကလေးလက်ကိုဆွဲယူ၍ ဖြေးဖြေးချင်းသာလျှောက်တော့သည်။ထိုစဉ် နွားနှစ်ကောင်ဆွဲလာသော ကိုကြည်သာနှင့်မျက်နှာချင်းဆိုင်တွေ့မိကြသည်။နှစ်သစ်ကူးနေ့ပြီးတော့ နောက်တစ်နေ့တွင် သူတို့ခြံရောင်းတဲ့ပိုက်ဆံကို အဖေသွားပေးတာသိလိုက်သည်။ထို‌နေ့ ကစပြီး သူတို့မတွေ့ဖြစ်ကြတာ ယနေ့အထိ ။ စောစောစီးစီးအေးလှသည့်မနက်ခင်းမှာ ကိုယ်တစ်ပိုင်းဗလာနှင့်အစ်ကိုကြည်သာကိုကြည့်၍ မိုးသောက် သက်ပြင်းချမိသည်။

ကြည်သာ မိုးသောက်ကိုမြင်တော့

"ကျောင်းသွားတော့မလို့လား "

ဟု လှမ်းမေးသည် ။

"ဟုတ်ကဲ့"

ဒါပါပဲ ၊ နွားနှစ်ကောင်ကိုဆွဲ၍ ထွက်သွားလေ၏။မိုးသောက် ကလေး၏လက်ကိုဆွဲကိုင်၍ ကျောင်းသို့မြန်မြန်လျှောက်တော့သည် ။ အဝေးက ခေါင်းလောင်းတီးသံကို ကြားနေရပေပြီ ။

ကျောင်းရောက်တော့ ထမင်းချိုင့်ကိုခုံတွင်တင်ထား၍ ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ထိုစဉ် ဘုရားပန်းအိုးသယ်လာသည့်ဆရာမက သူ့ကိုပြောလာသည်။

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now