Chapter (43)

182 10 0
                                    

ညချမ်းချိန်ခါမို့ ချောင်းရေဟာ ဆန်တက်လျက်ရှိသည် ။ လမှာ ထိန်ထိန်လင်းချင်ပါသော်လည်း တိမ်မည်းတချို့ရဲ့ကျီစားမှုကြောင့် မစွမ်းသာနိုင်ပေ ။

" ကျွန်တော်တို့ချိန်းတွေ့ရတာကြီးကလည်း ဘယ်လိုကြီးမှန်းမသိဘူးနော် "

မိုးသောက်က ခြေထောက်အောက်ရှိ ရေပြင်ကို လှုပ်ခတ်ကစားရင်း ဆိုသည် ။ သူက ဆက်ပြော၏ ။

" အစ်ကို့အရင်ကောင်မလေးတွေနဲ့ ချိန်းတွေ့ရင် ဘာတွေပြောကြလဲ ဟင်"

ကြည်သာ အနည်းငယ်မျှ ခန္ဓာကိုယ်တောင့်တင်းသွားရကာ ရုတ်တရက် ဘာဖြေရမည်မှန်း မသိ ။ ဒီကောင်လေး ရိုးရိုးသားသားပဲ မေးတာလား ။

ကြည်သာ့အဖြစ်ကို မိုးသောက်ကသိသည် ။ သူက တခိခိရယ်လျက်

" ဒီအတိုင်းသိချင်တာပါ ၊ အခု ကျွန်တော်တို့ ဘာပြောရမှန်းမသိဖြစ်နေတာလေ ။ အစ်ကိုက ရည်းစားသနာထားဖူးတယ်မဟုတ်လား ။ အဲ့ဒါကြောင့် မေးကြည့်တာ "

ကြည်သာ မချင့်မရဲဖြင့် ထိုကောင်လေး၏ ဂုတ်ပိုးကိုညှစ်မိလိုက်သည်။

" ဘာတွေပြောရမှာလဲ ၊ သာနေတဲ့လမင်းကြီးကိုကြည့်ပြီး ချစ်ကြောင်းကြိုက်ကြောင်းတွေပြောတာပေါ့ "

မိုးသောက် အစ်ကို့ရင်ခွင်ထဲမှ ခေါင်းမော့ကြည့်ပြီး

" မေထုန်မှီဝဲခဲ့သေးတယ်မှလား "

ဟု မေးလိုက်တော့ ကြည်သာက သက်ပြင်းချသည် ။ သူက ဖြေ၏ ။

" ကိုယ်မလိမ်ပါဘူး ၊ ဖြစ်ခဲ့တယ် "

မိုးသောက် အစ်ကို့ကိုအမှောင်ထဲကနေ တွေတွေလေးစိုက်ကြည့်ကာ

" အကာအကွယ်တွေကောသုံးခဲ့ရဲ့လား ဟင် "

" မသုံးခဲ့ဘူး ။ သူတို့ကတော့ ဆေးသောက်တယ်ပြောတာပဲ ။ အစ်ကိုက အတူနေဖူးရင် အဆုံးထိတာဝန်ယူမဲ့လူလေ ။ ဒါပေမဲ့ သူတို့ကပဲ အစ်ကို့ကို ထားသွားကြတာ ။ မင်းကကော ကိုယ့်ကိုထားသွားဦးမှာလား "

မိုးသောက် ခပ်မတ်မတ်ပြန်ထိုင်ပြီး

" ကျွန်တော်က ထားသွားဖို့ဆိုတာ ကျွန်တော်သေသွားမှပဲရမယ် "

နှလုံးသားပေါ်မှ တံလျှပ်များ ( Complete)Where stories live. Discover now